ပိုင်ဟက်ထမ်လျှပ်စစ်ဓာတ်အားပေးရုံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပြီးပြည့်စုံစွာလုပ်ဆောင်နိုင်ရန် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်

2022-11-30 21:14:58
အရင်းအမြစ်:新华网

ယခုရက်ပိုင်း ကီလိုဝပ်သန်းချီရှိသော စက်ကိရိယာအုပ်စု(၁၆)ခုတပ်ဆင်ထားသည့် ပိုင်ဟက်ထမ် ရေအားလျှပ်စစ်ဓာတ်အားပေးရုံတွင် စက်ကိရိယာအုပ်စု(၁၅)ခုသည် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုများ စတင် လုပ်ဆောင်နေပြီဖြစ်သည်။ ဤကမ္ဘာ့စံနှုန်းအချိုးအစား ဒုတိယအကြီးမားဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေးရုံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပြီးပြည့်စုံစွာလုပ်ဆောင်ရန် အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

လက်ရှိတွင် ပိုင်ဟက်ထမ်ရေအားလျှပ်စစ်ဓာတ်အားပေးရုံမှ စတင်ထုတ်လွှတ်လုပ်ဆောင်နေသည့် ကီလိုဝပ် သန်းချီရှိသော စက်ကိရိယာအုပ်စု(၁၅)ခုသည် တည်ငြိမ်စွာ၊ စံနှုန်းမြင့်စွာ လည်ပတ် လုပ်ဆောင်နေပြီး စုစုပေါင်း သန်း(၄၉၀၀၀)kWhထုတ်လွှတ်ပြီးဖြစ်သည်။ ပိုင်ဟက်ထမ် ရေအားလျှပ်စစ်ဓာတ်အားပေးရုံ သည် ယခုလက်ရှိ ကမ္ဘာပေါ်၌ ဆောက်လုပ်ဆဲအချိုးအစားအကြီးဆုံး၊ နည်းပညာအခက်ခဲဆုံးသော ရေအားလျှပ်စစ်လုပ်ငန်း ဖြစ်ပါသည်။ လက်ရှိ ကမ္ဘာ့ရေအားလျှပ်စစ်ဓာတ်အားပေးရုံဆောက်လုပ်ရေး၏ အမြင့်ဆုံးစံနှုန်းကို ကိုယ်စားပြုလျက်ရှိသည်။
( သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)

 

ပိုင်ဟက်ထမ်လျှပ်စစ်ဓာတ်အားပေးရုံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပြီးပြည့်စုံစွာလုပ်ဆောင်နိုင်ရန် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်