ယူနန်မှ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဖြည့်စခန်းတွင် ဟိုက်ဒရိုဂျင်အောင်မြင်စွာဖြည့်နိုင်ပြီ

2022-11-30 21:15:51
အရင်းအမြစ်:云南日报

ယခုရက်ပိုင်း ယူနန်ပြည်နယ်မှ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဖြည့်စခန်းတွင် ဟိုက်ဒရိုဂျင်အောင်မြင်စွာ ဖြည့်နိုင်ခဲ့ရာ မော်တော်ယာဉ်များအတွက် ဟိုက်ဒရိုဂျင်စွမ်းအင် အလုံအလောက် ဖြည့်စွက်နိုင်ပြီ ဖြစ်ပါသည်။

အဆိုပါစခန်းသည် ယူနန်ပြည်နယ်လီကျမ်းမြို့ဧရိယာ၌ တည်ရှိသည်။ SINOPEC မှ ယူနန်တွင် ဆောက်လုပ်သည့် ပထမဆုံးသော လောင်စာဆီ၊ ဟိုက်ဒရိုဂျင်၊ လျှပ်စစ်၊ လေထိုးဝန်ဆောင်မှု၊ စတိုးဆိုင်စသည်တို့ကို တစ်နေရာတည်းပေါင်းစည်းထားသည့် အထွေထွေစွမ်းအင်ဝန်ဆောင်မှုစခန်း ဖြစ်သည်။ နေ့စဉ် ဟိုက်ဒရိုဂျင်စွမ်းအင် (၅၀၀)ကီလိုဂရမ် ထောက်ပံ့နိုင်ပြီး ဟိုက်ဒရိုဂျင်စွမ်းအင်ဘက်ထရီသုံး ဘက်စ်ကားအစီး(၃၀)ကျော်အတွက် ဟိုက်ဒရိုဂျင်ဖြည့်သည့်ဝန်ဆောင်မှုကို လုပ်ဆောင်ပေးနိုင်သည်။
ယခု SINOPEC သည် တရုတ်နိုင်ငံတွင် ဟိုက်ဒရိုဂျင်ဖြည့်စခန်းပေါင်း(၈၃)ခု ဆောက်လုပ်ပြီး မြို့ပေါင်း (၅၀)တွင် လွှမ်းမိုးလုပ်ဆောင်နိုင်ပြီဖြစ်သည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဉ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

 

ယူနန်မှ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဖြည့်စခန်းတွင် ဟိုက်ဒရိုဂျင်အောင်မြင်စွာဖြည့်နိုင်ပြီ