လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းအစီအစဉ်ဖြင့် အရည်အသွေးကောင်း မြန်မာ့ထောပတ်သီးများ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ပြင်ဦးလွင်တွင်ဖွင့်လှစ်

2022-11-30 22:34:50
အရင်းအမြစ်:《吉祥》杂志

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းအစီအစဉ်ဖြင့် ကျင်းပသည့် ထောပတ်စိုက်ပျိုး ထုတ်လုပ်ရောင်းချမှုဆိုင်ရာ ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေးကောင်း သစ်သီးများ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို နိုဝင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့များက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၆)၊ မြန်မာ-ခါနန် တောင်သူလယ်သမားများ နည်းပညာဖွံဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒိုးကွင်စိုက်ပျိုးရေးခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ထောပတ်တောင်သူများနှင့် ဝန်ထမ်းများ အပါအဝင် သင်တန်းသား(၈၅)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါနှစ်ရက်တာသင်တန်းတွင် မြန်မာနိုင်ငံအတွင်းရှိ ထောပတ်သီးပင်များတွင် ကျရောက်တတ်သော ရောဂါများ၊ ပြည်ပစျေးကွက်လိုအပ်ချက်၊ စိုက်ပျိုးရေးဆိုင်ရာအလေ့ကျင့်ကောင်းများ၊ ခူးဆွက်ချိန် သိရှိလိုက်နာဖွယ်ရာများ၊ မြေသြဇာနှင့်မြေဆီလွှာထိန်းသိမ်းပြုပြင်ရေး၊ ပိုးသတ်ဆေးသုံးစွဲခြင်းဆိုင်ရာများ အစရှိသည့် သင်ခန်းစာများကို သင်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းအစီအစဉ်ဖြင့် အရည်အသွေးကောင်း မြန်မာ့ထောပတ်သီးများ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ပြင်ဦးလွင်တွင်ဖွင့်လှစ်