လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ဘေးကင်းလုံခြုံသောရေလမ်းကြောင်း ညှိနှိုင်းခြင်းစင်တာ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီး

2022-11-30 22:56:51
အရင်းအမြစ်:新华网

လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရံပုံငွေဖြင့် ပံ့ပိုးသော မြန်မာ ဘေးကင်းလုံခြုံသော ရေလမ်းကြောင်း ညှိနှိုင်းခြင်းစင်တာ တည်ဆောက်ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပခဲ့ပါသည်။

တရုတ်နှင့်မြန်မာသည် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းနယ်ပယ်တွင် အပြန်အလှန်အရေးပါသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာအပါအဝင် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ၅ နိုင်ငံနှင့်ပူးတွဲပြီး ၆ ကြိမ်မြောက် “ဘေးကင်းလုံခြုံသော ရေလမ်းကြောင်း”မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုအစီအစဥ်ကို ဆောင်ရွက်ခဲ့သည်။ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲလှည့်လည်စစ်ကြည့်ခြင်း တရားဥပဒေစိုးမိုးရေးစစ်ဆင်ရေး ၁၂၃ ကြိမ် ကျင်းပခဲ့ပါသည်။ ကျင်းစန်းကျော့ဒေသအပါအဝင် မဲခေါင်မြစ်တစ်လျှောက်၏ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာ ထိန်းချုပ်ဟန့်တားခဲ့ပါသည်။ ယခုအကြိမ် တောင်ကြီးမြို့ ၎င်းလုံခြုံရေးစင်တာ တည်ဆောက်ခြင်းသည် လန်ချမ်း-မဲခေါင်းမြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကောင်းမွန်သော အာမခံချက်ပေးသည့်အပြင် ကျင်းစန်းကျော့ဒေသ၏ မူးယစ်ဆေးဝါးပူးတွဲတိုက်ဖျက်ခြင်း အောင်မြင်မှုအသီးအပွင့်များလည်း ပိုမိုခိုင်မြဲလာစေပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြသည်၊ ဘာသာပြန်- Yunnan gateway)

 

လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ဘေးကင်းလုံခြုံသောရေလမ်းကြောင်း ညှိနှိုင်းခြင်းစင်တာ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီး