COP 15 ဒုတိယအကြိမ် အစည်းအဝေး ရောက်ရှိလာတော့မည်

2022-11-30 22:59:15
အရင်းအမြစ်:人民日报

နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပသည့် တရုတ်နိုင်ငံ ဂေဟစနစ်နှင့်ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၏ သတင်းအရ “ဇီဝမျိုးစုံမျိုးကွဲပဋိညာဥ်စာချုပ်”ချုပ်ဆိုခြင်းနိုင်ငံများ ကွန်ဗန်းရှင်း၏ ၁၅ ကြိမ်မြောက် အစည်အဝေး (COP15)၏ ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကနေဒါနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အစည်းအဝေး၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် COP15 ၏ ပထမအဆင့် အစည်းအဝေးသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ မှ ကိုယ်စားလှယ် ၅၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံသည် ကူမင်းဇီဝမျိုးစုံမျိုးကွဲ ရန်ပုံငွေအသင်းကို ရန်ပုံငွေစိုက်ထုတ်ပံ့ပိုးခြင်းဖြင့် တည်ထောင်ခဲ့ပါသည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာမှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်- Yunnan gateway)

 

COP 15 ဒုတိယအကြိမ် အစည်းအဝေး ရောက်ရှိလာတော့မည်