ရဲဘော် ကျန်စီမင်း ကွယ်လွန်
ရဲဘော်ကျန်စီမင်းသည် သွေးကင်ဆာရောဂါနှင့် ခန္ဒာကိုယ်တွင်းအင်္ဂါများချို့ယွင်းခြင်းကြောင့် ကယ်ဆယ်ကုသသော်လည်း မအောင်မြင်ခဲ့ဘဲ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ကျန်စီမင်းသည် ၁၉၂၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် မွေးဖွားပြီး သူ၏မွေးရပ်ဇာတိမြေသည် တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် ယန်ကျိုးမြို့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ရှန်ဟိုင်း Jiao Tong တက္ကသိုလ် လျှပ်စစ်စက်မှုအင်ဂျင်နီယာဌာနမှ ဘွဲ့ရခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ရဲဘော် ကျန်စီမင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ တတိယမျိုးဆက် ဗဟိုအစိုးရခေါင်းဆောင်များ၏ ရှေ့ဆောင်ဦးစီးသူတစ်ဦးဖြစ်သည်။ သူသည် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ရှေ့တန်းရောက် ခေတ်မီကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို တစ်လျှောက်လုံး ကိုယ်စားပြုခြင်း၊ တရုတ်ရှေ့တန်းရောက် ခေတ်မီယဥ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု၏ ရှေ့သို့ချီတက်ခြင်းလမ်းကြောင်းကို တစ်လျှောက်လုံးကိုယ်စားပြုခြင်း၊ တရုတ်၏အများဆုံးသော သာမန်ပြည်သူပြည်သားများ၏ အခြေခံအကျိုးခံစားခွင့်ကို တစ်လျှောက်လုံးကိုယ်စားပြုခြင်းဟူသော “ကိုယ်စားပြုခြင်း ၃ ရပ် ” အတွေးအခေါ်ကို တင်ပြခဲ့ပါသည်။
(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာမှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်- Yunnan gateway)