ဂေါ်ဖီထုပ်တစ်လုံး၏ နိုင်ငံဖြတ်ကျော်ခရီးစဥ်

2022-12-02 11:03:13
အရင်းအမြစ်:观云里

ပုံ၊ တရုတ်-လာအိုရထားလမ်းကို တွေ့နေစဥ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တရုတ်-လာအိုရထားလမ်း ပြေးဆွဲခဲ့ပါသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များသည် ပထမရက် နံနက်ပိုင်းတွင် ကွန်တိန်နာများထဲတင်ဆောင်ပြီး ၎င်းရထားလမ်းမှတစ်ဆင့် နောက်တစ်နေ့နံနက်ပိုင်းတွင် လာအိုစျေးကွက်သို့ အရောက် ပို့နိုင်သည်။ ၎င်းခရီးစဥ်အသေးစိတ်ကို သိလိုပါသလား။ အတူတကွ လေ့လာကြပါစို့။

ကျွန်တော်က ဂေါ်ဖီထုပ်တစ်လုံး ဖြစ်တယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အကြီးမားဆုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးစခန်းဖြစ်တဲ့ ယွီရှီးမြို့ ထုံးဟိုင်ခရိုင်က ကျွန်တော့်ဇာတိဖြစ်တယ်။ ယွီရှီးထုံးဟိုင်ကို ဟင်းသီးဟင်းရွက်တွေရဲ့ “အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း”လို့ ချီးကျူး ခေါ်ဝေါ်ကြပါတယ်။

ကျွန်တော်တို့ ဂေါ်ဖီထုပ်တွေက နွေးထွေးတဲ့နေရာမှာ နေထိုင်ရတာကြိုက်နှစ်သက်ပါတယ်။ အဲဒီနေ့နံနက်ပိုင်း ၆ နာရီမှာ ကျွန်တော်က ဆွတ်ခူးခံရပြီး ခန္ဓာကိုယ်ပေါ် နှင်းပေါက်ကလေးတွေတောင် ကျန်နေပါသေးတယ်။

ပုံ၊ တရုတ်-လာအိုရထားလမ်းကို တွေ့နေစဥ်(ဆင်ဟွာ)

နံနက် ၆ နာရီခွဲမှာ ဟင်းသီးဟင်းရွက်စိုက်တောင်သူတွေက “သယ်ပို့ခြင်းလမ်းကြောင်းစာရင်း”ကို မှတ်တမ်းတင်ခဲ့တယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော့်ကို ဆွတ်ခူးခဲ့တဲ့နေရာ၊ အရေအတွက်နဲ့ သက်ဆိုင်ရာထိတွေ့ခဲ့တဲ့ဝန်ထမ်းပမာဏ၊ သယ်ပို့ရမယ့်တည်နေရာ စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။

နံနက် ၈ နာရီမှာ သက်ဆိုင်ရာဝန်ထမ်းတွေက ကျွန်တော်ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေတဲ့ လယ်ယာသုံးပိုးသတ်ဆေးပါဝင်နှုန်းကို စစ်ဆေးခဲ့ပါတယ်။ စံချိန်မီမှသာ စက်ရုံထဲဝင်ခွင့်ရနိုင်ပါတယ်။

နံနက် ၉ နာရီမှာ ကျွန်တော့်ကို သေသေချာချာရေချိုးပေးပြီး အထုပ်ထုပ်ပိုးခဲ့တယ်။ ကျွန်တော်တို့ဂေါ်ဖီထုပ်တွေကို ခန္ဓာကိုယ်အသေးအကြီးနဲ့ကိုက်ညီတဲ့ ပလတ်စတစ်အိတ်ထဲ ထည့်တယ်။ ပြီးနောက် ကွန်တိန်နာထဲသို့ တင်ဆောင်ပေးခဲ့ပါတယ်။

ညနေ ၄ နာရီမှာ စစ်ဆေးရေးဌာနရဲ့ ဝန်ထမ်းတွေက ကျွန်တော်တို့အိပ်နေတဲ့ သေတ္တာပေါ်မှာ အရည်အသွေးစံချိန်မီအမှတ်တံဆိပ်ကပ်ခဲ့တယ်။

ညနေ ၅ နာရီမှာ ကျွန်တော်က အအေးသေတ္တာပါအထူးရထားနဲ့ ယွီရှီးကနေ လာအိုသို့ သွားခဲ့တယ်။ နာရီ ၂၀ ကြာပြီးနောက် ကျွန်တော်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ရောက်တယ်။ ပြီးနောက် ကျွန်တော်က အခြားဂေါ်ဖီထုပ်တွေနဲ့အတူ ကုန်းလမ်းကနေတဆင့် ထိုင်းနိုင်ငံနေရာအသီးသီးသို့ ရောက်ခဲ့တယ်။

ကျွန်တော်ရဲ့နိုင်ငံဖြတ်ကျော်ခရီးစဥ်က ဒီမှာပဲပြီးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တရုတ်-လာအိုရထားလမ်းရဲ့ ရေစက်အကြောင်းကတော့ မပြီးဆုံးသေးပါဘူး။
(သတင်းရင်းမြစ်- Guan Yun Li၊ ဘာသာပြန်- Yunnan gateway)

ဂေါ်ဖီထုပ်တစ်လုံး၏ နိုင်ငံဖြတ်ကျော်ခရီးစဥ်