ယူနန်ပြည်နယ် မန်မန်းလမ်းကြောင်းသည် တစ်နှစ်တာ အကောက်ခွန်ရှင်းလင်းမှု ပြန်လည်ဖော်ဆောင်လာပြီး သွင်းကုန်ပို့ကုန်စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၈ ဒသမ ၁ ဘီလီယံကျော် ရှိခဲ့

2022-12-02 21:32:19
အရင်းအမြစ်:德宏传媒集团

ယခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဝမ်တိန်နယ်စပ်ဂိတ်ရှိ မန်မန်းပို့ဆောင်ရေးလမ်းကြောင်းသည် တစ်နှစ်တာ အကောက်ခွန်ရှင်းလင်းမှု ပြန်လည်ဖော်ဆောင်လာပြီး စုစုပေါင်း ပြည်ဝင်ပြည်ထွက် မော်တော်ယာဉ် ၅၀,၇၅၁ စီးကို စစ်ဆေးခဲ့ရာ ၎င်းအနက်ပြည်ဝင်မော်တော်ယာဥ် ၂၅၅၉၆ စီးရှိပြီး ပြည်ထွက်မော်တော်ယာဥ် ၂၅၁၅၅ စီးရှိကြောင်း၊ သွင်းကုန်ပို့ကုန် ကုန်စည်ပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၁,၁၉၂,၁၅၀ ရှိပြီး သွင်းကုန်ကုန်စည်ပို့ဆောင်မှုပမာဏမှာ ၇၁၅,၆၈၉ တန်နှင့် ပို့ကုန်ကုန်စည်ပို့ဆောင်မှုပမာဏမှာ ၄၇၆,၄၆၁ တန် အသီးသီးရှိကြောင်း၊ သွင်းကုန်ပို့ကုန်စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၈ ဒသမ ၁ ဘီလီယံကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ တရုတ်ယွမ် ၃ ဒသမ ၈၄၁ ဘီလီယံ နှင့် ပို့ကုန်တန်ဖိုးမှာ တရုတ်ယွမ် ၄ ဒသမ၂၆၃ ဘီလီယံ အသီးသီး ရှိကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ဝမ်တိန်နယ်စပ်ဂိတ်မှ ယခုရက်ပိုင်းတွင် သိရှိရပါသည်။

တရုတ်နိုင်ငံ (ယူနန်)လွတ်လပ်သော ကုန်သွယ်မှုစမ်းသပ်ဇုန် တယ်ဟုန်ဇုန်၏ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးဇုန်အနေနှင့် မန်မန်းပို့ဆောင်ရေးလမ်းကြောင်းသည် လက်ရှိတွင် ရွှေလီမြို့မကဘဲ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးပြုလုပ်သော အရေးပါသော ကုန်းတွင်းနယ်စပ်ဂိတ်၏ ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ပါသည်။ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ယမန်နှစ် ဇူလိုင်လ ၉ ရက်နေ့တွင် မန်မန်းလမ်းကြောင်းသည် အကောက်ခွန်ရှင်းလင်းရေးကို ယာယီရပ်ဆိုင်းခဲ့သည်။

ယမန်နှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် မန်မန်းပို့ဆောင်ရေးလမ်းကြောင်းသည် အကောက်ခွန်ရှင်းလင်းမှု ပြန်လည်စတင်ချိန်မှနေ၍ ကျွန်တော်တို့ စီမံခန့်ခွဲမှုကော်မတီသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို စဉ်ဆက်မပြတ် အားကောင်းခိုင်မာလာစေရန် အင်တိုက်အားတိုက် ပြုပြင်ပြောင်းလဲခဲ့ကြောင်း၊ ပြည်တွင်းနှင့်ပြည်ပ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေအရ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဥ်စီမံချက်များ တပြေးညီ ပြောင်းလဲခဲ့ကြောင်း ဝမ်တိန် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားပါသည်။ လက်ရှိအချိန်တွင် မန်မန်းပို့ဆောင်ရေးလမ်းကြောင်းသည် ၂၄ နာရီကြာ တာဝန်ကျသည့် စနစ်ကို ကျင့်သုံးရန်၊ အနီရောင်ဇုန်၊ အဝါရောင်ဇုန်နှင့် အစိမ်းရောင်ဇုန်တို့ သီးသန့်စီမံခန့်ခွဲရန်၊ တင်းကျပ်သော ထိန်းချုပ်ရေးနှင့် ကွင်းပိတ်စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန် ဖော်ဆောင်ပြီ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် အဆိုပါစီမံခန့်ခွဲမှု ကော်မတီသည် သွင်းကုန်အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ထိရောက်စွာ မြှင့်တင်ရန်နှင့် သွင်းကုန်အကောက်ခွန်ရှင်းလင်းရေး အရှိန်နှင့် အလုပ်တွင်ကျယ်မှုကို မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိနေပါသည်။


(ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)
 

ယူနန်ပြည်နယ် မန်မန်းလမ်းကြောင်းသည် တစ်နှစ်တာ အကောက်ခွန်ရှင်းလင်းမှု ပြန်လည်ဖော်ဆောင်လာပြီး သွင်းကုန်ပို့ကုန်စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၈ ဒသမ ၁ ဘီလီယံကျော် ရှိခဲ့