ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေး ပဋိညာဉ် စာချုပ် စာချုပ်ဝင်နိုင်ငံများ ၁၅ ကြိမ်မြောက် အစည်းအဝေး(COP15) ၏ ဒုတိယ အဆင့် အစည်းအဝေး ဖွင့်လှစ်

2022-12-08 19:00:54
အရင်းအမြစ်:CRI

ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေး ပဋိညာဉ် စာချုပ် စာချုပ်ဝင်နိုင်ငံများ ၁၅ ကြိမ်မြောက် အစည်းအဝေး(COP15) ၏ ဒုတိယ အဆင့် အစည်းအဝေးသည် ဒီဇင်ဘာလ ၇ရက်နေ့က ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ဖွင့်လှစ်သည်။ တရုတ်သည် COP15သဘာပတိနိုင်ငံအနေနှင့် အဖက်ဖက်များက သဘောတူညီချက်များကို ရရှိပြီး ဒုတိယ အဆင့် အစည်းအဝေးတွင် “၂၀၂၀ပြည့်နှစ်ပြီးနောက် ကမ္ဘာ့ ဇီဝမျိုးစုံတည်ရှိရေးမူဘောင်”ကို အတည်ပြုကာ ကမ္ဘာ့ဇီဝမျိုးစုံ တည်ရှိရေးကာကွယ်ခြင်းလုပ်ငန်းအတွက် စီမံကိန်းကြီးသစ်ကို ချမှတ်ပေးရန် အစွမ်းကုန် ညှိနှိုင်းဆောင်ရွက် တွန်းအားပေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေး ပဋိညာဉ် စာချုပ် စာချုပ်ဝင်နိုင်ငံများ ၁၅ ကြိမ်မြောက် အစည်းအဝေး(COP15) ၏ ဒုတိယ အဆင့် အစည်းအဝေး ဖွင့်လှစ်