တရုတ်လူငယ်များသည် ကာတာနိုင်ငံ၏ သဲကန္တာရတွင် ဟင်းသီးဟင်းရွက်များ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့

2022-12-12 18:23:25
အရင်းအမြစ်:中央广电总台中国之声

လွန်ခဲ့သော ၄ နှစ်မတိုင်ခင်က တရုတ်လူငယ်နှစ်ဦးသည် ကာတာနိုင်ငံတွင် ဟင်းသီးဟင်းရွက် စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၎င်းအဖွဲ့သည် ကာတာနိုင်ငံတွင် ပထမဆုံးသော ဟင်းသီးဟင်းရွက်များ အောင်မြင်စွာ စိုက်ပျိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

ကာတာနိုင်ငံမြို့တော် Doha မြို့၏ မြို့လယ်နှင့် ကီလိုမီတာ ဆယ်နှင့်ချီကွာဝေးသော သဲကန္တာရတွင် တည်ဆောက်ထားသော အလ်ဖ်တန်းလယ်ယာစိုက်ခင်း၌ ယခုရက်ပိုင်းတွင် အလွန် အလုပ်များနေသည်။ ဝန်ထမ်းများသည် မိုးလင်းသည့်အထိ ညလုံးပေါက် ဟင်းသီးဟင်းရွက်များ ဆွတ်ခူးပြီး နံနက် ၅ နာရီမရောက်မီ ကာတာနိုင်ငံ စူပါမားကက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ တင်ပို့ပါသည်။

ကာတာနိုင်ငံသည် အပူပိုင်းသဲကန္တာရဒေသတွင် တည်ရှိသောကြောင့် ပြည်တွင်း ဟင်းသီးဟင်းရွက်သည် များသောအားဖြင့် နိုင်ငံခြားမှ တင်သွင်းရပါသည်။ ယခုနှစ်ပိုင်းတွင် ကာတာနိုင်ငံသည် “စားနပ်ရိက္ခာနှင့် ဟင်းသီးဟင်းရွက်လုံခြုံရေးမဟာဗျူဟာ”စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီး မိမိနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဖူလုံမှု ဖြည့်ဆည်းနှုန်းကို တိုးမြှင့်ရန် တရုတ်၊ ဥရောပစသော ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနိုင်ငံကြီးများမှနေ အဓိက နည်းပညာကို သွင်းယူရန် ဆုံးဖြတ်ခဲ့ပါသည်။ တရုတ်နိုင်ငံ ချုံချင့်မြို့သား Gao Yuntao သည် ၎င်းအခွင့်ကောင်းကို ဖမ်းယူပြီး ဟင်းသီးဟင်းရွက်များအား ကာတာနိုင်ငံ၏ သဲကန္တာရဒေသသို့ သွားရောက်စိုက်ပျိုးခဲ့သည်။ ပထမဆုံးသော ရေရှည်လုပ်ငန်းစဉ်ကာလတွင် သူနှင့်သူ့အဖွဲ့ဝင်သည် စမ်းသပ်ခြင်းဆုံးရှုံးမှုအများအပြားကို ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် မုန်ညင်းစိမ်းတစ်ပင်စိုက်ပျိုးရန် နိုင်ငံ ၇ နိုင်ငံမှ မျိုးစေ့ ၄၅ မျိုးကို စမ်းသပ်မျိုးကြဲခဲ့သည်။

ကျွန်တော်တို့အမြဲကြုံတွေ့နေကြ လယ်ယာစိုက်ခင်းနှင့်မတူ၊ အလ်ဖ်တန်းလယ်ယာစိုက်ခင်း၏ ဟင်းသီးဟင်းရွက်များသည် စွန့်ပစ်ထားသည့် ကွန်တိန်နာသေတ္တာများတွင် စိုက်ပျိုးထားခြင်းဖြစ်သည်။ ၎င်းကွန်တိန်နာများအတွင်း အပူချိန် ၂၂ ℃ မှ ၂၈ ℃ အကြား အမြဲထိန်းထားပါသည်။ ပထမပိုင်းတွင် ကွန်တိန်နာ ၅ ခုသာရှိပြီး ယခုအချိန်တွင် အခု ၆၀ အထိ တိုးများလာသကဲ့သို့ ဟင်းသီးဟင်းရွက်အမျိုးအစားသည်လည်း ၂ ခုမှ အမျိုးအစား ၃၀ ကျော်အထိ တိုးများလာသည်။ Gao Yuntao ၏ အဖွဲ့မှ စိုက်ပျိုးသော ဟင်းရွက်မျိုးစုံများကို ကာတာနိုင်ငံတွင် လူကြိုက်များလှကြောင်း သိရသည်။

(သတင်းရင်းမြစ်- China Media Group တရုတ်အသံ၊ ဘာသာပြန်- Yunnan gateway)
 

တရုတ်လူငယ်များသည် ကာတာနိုင်ငံ၏ သဲကန္တာရတွင် ဟင်းသီးဟင်းရွက်များ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့