Baihetan ရေအားလျှပ်စစ်စခန်းရှိ စက်များအားလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စတင် လုပ်ဆောင်နေပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သန့်စင်စွမ်းအင်စင်္ကြံကို ဘက်ပေါင်းစုံမှ အပြည့်အဝ တည်ဆောက်ပြီးစီး

2022-12-21 21:55:23
အရင်းအမြစ်:央视新闻

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံ ကျင်းရှားမြစ် Baihetan ရေအားလျှပ်စစ်စခန်း၏ နောက်ဆုံး လျှပ်စစ်ထုတ်ယူနစ်သည် ၇၂ နာရီ စမ်းသပ်လည်ပတ်ခြင်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ထုတ်လုပ်ခြင်းကို စတင်ခဲ့သည်။ Baihetan ရေအားလျှပ်စစ်စခန်းရှိ လျှပ်စစ်ထုတ်စက် ၁၆ လုံး စလုံးသည် လျှပ်စစ်ထုတ်လုပ်မှုစတင်ခြင်းကို ဖော်ပြနေသကဲ့သို့ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သန့်စင်စွမ်းအင်စင်္ကြံကို ဘက်ပေါင်းစုံမှ အပြည့်အဝ တည်ဆောက်ပြီးစီးသည်ဟုလည်း ဆိုနိုင်ပါသည်။

Baihetan ရေအားလျှပ်စစ်စခန်းသည် လက်ရှိ ကမ္ဘာပေါ်တွင် အတိုင်းအတာအကြီးကျယ်ဆုံးသော၊ တည်ဆောက်မှုနည်းပညာ အခက်ခဲဆုံးသော ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။


(သတင်းရင်းမြစ်- CCTV News ၊ ဘာသာပြန်- Yunnan gateway)
 

Baihetan ရေအားလျှပ်စစ်စခန်းရှိ စက်များအားလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စတင် လုပ်ဆောင်နေပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သန့်စင်စွမ်းအင်စင်္ကြံကို ဘက်ပေါင်းစုံမှ အပြည့်အဝ တည်ဆောက်ပြီးစီး