တရုတ်-ဩစတြေးလျ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

2022-12-22 22:34:29
အရင်းအမြစ်:新华社

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Penny Wongနှင့် ၆ ကြိမ်မြောက် တရုတ်-ဩစတြေးလျ နိုင်ငံခြားရေးနှင့်မဟာဗျူဟာရေးရာဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်က ပေကျင်းမြို့တွင် ပြုလုပ်စဉ်(ဆင်ဟွာ)


တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့သည် ဒီဇင်ဘာ ၂၁ ရက်တွင် မဟာဗျူဟာမြောက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားရှိရန်၊ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးကဏ္ဍအပါအဝင် ဒေသနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များ၏ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ (Xinhua)

တရုတ်-ဩစတြေးလျ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး