ချင်ဒူး-ကူမင်း မီးရထားလမ်းသစ် စတင်ပြေးဆွဲ၊ ချင်ဒူးမှ ကူမင်းသို့ ကြာချိန် ၇ နာရီ ခန့်

2022-12-26 20:14:46
အရင်းအမြစ်:CRI

ယခုလ ၂၆ ရက်နေ့နံနက် ၈ နာရီ ၅ မိနစ်က C57 ရထားသည် ချင်ဒူး- တောင်ဘူတာရုံ မှ ထွက်ခွာပြီး ၁၁ နာရီတွင် ရှီးချန်းအနောက်ဘူတာရုံသို့ ရောက်ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းသည် ချင်ဒူး -ကူမင်း မီးရထားလမ်းသစ် တရားဝင် စတင်ပြေးဆွဲခြင်းလည်းဖြစ်သည်ဟု သတင်းအရသိရသည်။

ချင်ဒူး-ကူမင်းမီးရထားလမ်းသစ်သည် မြောက်ဘက်က စီချွမ်းပြည်နယ် ချင်ဒူးမြို့ကနေ၊ တောင်ဘက်က ယူနန်ပြည်နယ် ကူမင်းမြို့အထိဖြစ်သည်။ တစ်လိုင်းလုံးသည် ၉၁၅ ကီလိုမီတာရှည်လျားပြီး ရထား၏ အမြန်နှုန်းမှာ ၁ နာရီလျင် ကီလိုမီတာ ၁၆၀ ဖြစ်သည်။


 

ချင်ဒူး-ကူမင်း မီးရထားလမ်းသစ် စတင်ပြေးဆွဲ၊ ချင်ဒူးမှ ကူမင်းသို့ ကြာချိန် ၇ နာရီ ခန့်