ရှန်ဟိုင်း ဆေးဝါးခွဲဝေဖြန့်ဖြူးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို နေ့ရောညပါ အဆက်မပြတ် ဆောင်ရွက်နေ

2022-12-26 20:54:38
အရင်းအမြစ်:新华网

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် China National Pharmaceutical Group Corporation (SINOPHARM) သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ရှန်ဟိုင်းစင်တာ အမှတ် ၂ သိုလှောင်ခန်း၌ ဝန်ထမ်းများသည် နေ့ရောညပါ အနားမယူဘဲ အဆက်မပြတ် ဆေးဝါးများ စစ်ဆေးခြင်း၊ ခွဲဝေထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း စသည်တို့ဖြင့် အလုပ်များနေကြပါသည်။ ၎င်းသိုလှောင်ခန်းတွင် နေ့စဉ် ဆေးများ အဝင်အထွက်သည် သေတ္တာ ၄၈၀၀၀ ခု ရှိပြီး အဓိက ဆေးဝါးများမှာ ချောင်းဆိုး၊ ကိုယ်ပူ၊ အအေးမိခြင်းစသည်တို့အတွက် ကုသဆေးများဖြစ်သည်။ ဆေးရုံကြီးနှင့် လူနေရပ်ကွက် ဆေးခန်းသို့ အဓိက ပို့ဆောင်ပေးနေခြင်း ဖြစ်ပါသည်။


(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန။ ဘာသာပြန်- Yunnan gateway)
 

ရှန်ဟိုင်း ဆေးဝါးခွဲဝေဖြန့်ဖြူးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို နေ့ရောညပါ အဆက်မပြတ် ဆောင်ရွက်နေ