ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့

2022-09-22 17:41:52
အရင်းအမြစ်:CRI

၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့က ပေကျင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အခမ်းအနားသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က မျက်မှောက်အချိန်ကာလတွင် နိုင်ငံတကာလုံခြုံမှု အခြေအနေသည် နက်ရှိုင်းပြီး ရှုပ်ထွေးသောပြောင်းလဲမှုများဖြစ်ပွားပြီး ကမ္ဘာကြီးသည် မတည်မငြိမ် ပြောင်းလဲသည့် အချိန်ကာလသစ်သို့ ဝင်ရောက်နေကြောင်း၊ ဤကဲ့သို့ အရေးကြီးသည့် သမိုင်းဝင်အချိန်အခါတွင် မိမိသည် နိုင်ငံတကာလုံခြုံရေး ကမ်းလှမ်းချက်ကို အဆိုပြုပြီး၊ နိုင်ငံအသီးသီးက တူညီပြီးကဏ္ဍစုံဖြစ်သည့် ပူးပေါင်းဆောင်ရွက်ပြီး ဆက်တိုက် ဖွံ့ဖြိုးသည့် လုံခြုံရေးဆိုင်ရာ အကဲဖြတ်အမြင်ကိုစွဲကိုင်ရန်၊ နိုင်ငံအသီးသီးတို့၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ပြည့်စုံမှုကိုလေးစားရန်၊ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်မှန်းချက်နှင့် မူကိုလိုက်နာရန်၊ နိုင်ငံအသီးသီး၏ တရားနည်းလမ်းကျသော လုံခြုံရေးဆိုင်ရာ အာရုံ စူးစိုက်ရာအချက်များကို အလေးထားရန်၊ နိုင်ငံအချင်းချင်းသဘောကွဲလွဲမှုနှင့် အငြင်းပွားမှုများကို တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး တာဝန်ဝတ္တရားကို အတူထမ်းဆောင်ပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်း၍ လူသားကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန် အဆိုပြုပါကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
 

ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့