၆ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ရှီကျင့်ဖိန်မှ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

2022-11-22 10:24:26
အရင်းအမြစ်:CRI

ယခုလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ ဖြစ်ကြပြီး၊ အေးအတူပူအမျှ ကံကြမ္မာ အသိုက်အဝန်း ဖြစ်ကြောင်း၊ ယခုနှစ်များအတွင်း နှစ်ဦးနှစ်ဖက်တို့သည် နယ်ပယ် အသီးသီးတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ပြီး၊ အောင်ကျိုးရလဒ်များသည် နိုင်ငံအသီးသီးတို့မှ ပြည်သူများအား အကျိုးခံစားစေခဲ့ကြောင်း ဖော်ပြသည်။

၆ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ၁၉ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖွင့်လှစ်လိုက်သည်ဟု သတင်းအရ သိရသည်။
 

၆ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ရှီကျင့်ဖိန်မှ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့