【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- တရုတ်နိုင်ငံသည် ကမ္ဘာ့တစ်ဝန်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစံနမူနာကို ထူထောင်ထားသည်ဟု မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အာမာလ်ကျာအလ်ကယ်လက်မှ ပြောကြားခဲ့

2022-07-05 18:59:03
အရင်းအမြစ်:人民日报

“တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဦးဆောင်သူဖြစ်တယ်”ဟု မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အာမာလ်ကျာအလ်ကယ်လက်မှ ပြောကြားခဲ့ပါသည်။

“ကျွန်တော် တရုတ်နိုင်ငံကို နောက်ဆုံးရောက်ခဲ့တာ ပြီးခဲ့တဲ့ ၄ နှစ်ကဖြစ်တယ်။” အာမာလ်ကျာအလ်ကယ်လက်၏ အမြင်အရ တရုတ်နိုင်ငံသည် ယခင်က ဆင်းရဲနွမ်းပါးပြီး အင်အားနည်းပါးရာမှ ယခုအခါ ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာသည်မှာ တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်ပြည်သူပြည်သားများကို ဦးဆောင်ပြီး ဉာဏ်ပညာနှင့် ကြိုးပမ်းဆောင်ရွက်မှုဖြင့် အောင်မြင်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုက်ပွဲကို အောင်မြင်ပြီး ပြည်သူပြည်သားများက အတူတကွ ချမ်းသာသော ဘဝသို့ ရောက်ရှိခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၎င်းသည် တရုတ်ကွန်မြူနစ်ပါတီက ပြည်သူပြည်သားအများစု၏ အကျိုးစီးပွားကို ကိုယ်စားပြုသည်ကို ပြသနိုင်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေကို အခြေခံပြီး ပြည်သူပြည်သားများအကြား အမြစ်တွယ်ကာ မိမိအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို တူးဖော်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုအသီးအပွင့်က ပိုမိုတရားမျှတမှုရှိပြီး တစ်ပြည်လုံးရှိ ပြည်သူပြည်သားများအား အကျိုးအမြတ်ရရှိစေကြောင်း သူက သုံးသပ်ပြောဆိုသည်။

“လူတိုင်းသိတဲ့အတိုင်း၊ ဝင်ငွေမျှတမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနဲ့ ချမ်းသာခြင်းကွာဟချက်များခြင်း ဆိုတာဟာ ကမ္ဘာ့တစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရာမှာ အလွယ်တကူကြုံတွေ့လေ့ရှိတဲ့ အခက်အခဲဖြစ်တယ်။ နိုင်ငံအသီးသီးကနေ ပါတီတွေ၊ အစိုးရတွေနဲ့ ပြည်သူပြည်သားတွေအကြား အင်အားစုတွေ ပူးပေါင်းပြီး ဖြေရှင်းနည်းကို ရှာ‌ဖို့လိုပါတယ်”ဟု သူမှ ဆက်လက်ပြောဆိုခဲ့ပါသည်။ သူ၏ ထင်မြင်ချက်အရ၊ တရုတ်နိုင်ငံမှတင်ပြထားသော အတူတကွ ချမ်းသာခြင်းအတွေးအခေါ်နှင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လက်တွေ့ကြိုးပမ်းဆောင်ရွက်မှုကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို တိုးမြှင့်စေသကဲ့သို့ အခြားသောဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း တန်ဖိုးရှိသော အတွေးအခေါ်ကို ပေးစွမ်းနိုင်ခဲ့ပါသည်။

ယခုနှစ်ပိုင်းတွင် “the Belt and Road” အတူတကွတည်ဆောက်ခြင်းသည် မွန်ဂိုလီးယားနိုင်ငံတွင် လက်တွေ့မြင်တွေ့နိုင်သော အောင်မြင်မှုအသီးအပွင့်အသီးသီး ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ တက်ကြွစွာ ပံ့ပိုးခြင်းကြောင့် မွန်ဂိုလီးယားသည် ပထမဆုံးသော အပြန်အလှန်ချိတ်ဆက်မှု ကုန်းကျော်တံတား၊ ပထမဆုံးသော အဝေးပြေးလမ်းမ၊ ပထမဆုံးသောမျက်မှောက်ခေတ် မသန်စွမ်းကလေးဖွံ့ဖြိုးရေးစင်တာ စသည်တို့ကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ “the Belt and Road” အတူတကွတည်ဆောက်ခြင်းနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းအတွက် တွန်းအားပေးခဲ့ကြောင်း၊ ကမ္ဘာ့တစ်ဝန်းတွင် နိုင်ငံများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစံနမူနာကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူက မြတ်နိုးစွာ ချီးကျူးစကားပြောဆိုခဲ့ပါသည်။
(သတင်းရင်းမြစ်၊ ပြည်သူ့နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- တရုတ်နိုင်ငံသည် ကမ္ဘာ့တစ်ဝန်းတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစံနမူနာကို ထူထောင်ထားသည်ဟု မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အာမာလ်ကျာအလ်ကယ်လက်မှ ပြောကြားခဲ့