【ခရီးသစ်သို့ ချီတက်】တရုတ်နိုင်ငံ ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသူဦးရေ ၉၈.၉၉ သန်းသည် ဆင်းရဲတွင်းမှ အားလုံး ကင်းလွတ်လာ

2022-07-08 16:30:01
အရင်းအမြစ်:央视网

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် သမိုင်းဝင် ထူးချွန်သောအောင်မြင်မှုအသီးအပွင့်များ ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံ ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသူဦးရေ ၉၈.၉၉ သန်းသည် ဆင်းရဲတွင်းမှ အားလုံးက ကင်းလွတ်လာခဲ့ပြီး ဆင်းရဲနွမ်းပါးခရိုင် ၈၃၂ ခုသည် စာရင်းမှဖယ်ရှားခဲ့ကာ ဆင်းရဲနွမ်းပါးဒေသများတွင် ဒေသတစ်ခုလုံး၏ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းပေးနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ စားနပ်ရိက္ခာထွက်ကုန်ပမာဏသည် ကီလိုဂရမ် ၆၈၂.၈၅ ဘီလီယံ ရောက်ရှိပြီး လူတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၄၈၃ ကီလိုဂရမ် ရရှိကာ နိုင်ငံတကာအသိအမှတ်ပြု အစားအစာဘေးကင်းရေးလိုင်းဖြစ်သည့် ကီလိုဂရမ် ၄၀၀ ထက် ပိုမြင့်ပါသည်။

တရုတ်နိုင်ငံ၏လယ်ယာမြေများတွင် မြေအနေအထားညီညီညာညာဖြစ်ပြီး ရေသွင်းပေးရန် ရေအရင်းအမြစ်ရှိသည့်၊ ရေသွင်းပေးခြင်းစနစ်ပြည့်စုံသည့် လယ်ယာမြေသည် စုစုပေါင်းလယ်ယာမြေဧရိယာ၏ ၅၄% ရှိပြီး စက်ယန္တရားဖြင့် သီးနှံရိတ်သိမ်းနှုန်းသည် ၇၂%အထက် ရောက်ရှိသည်။

၂၀၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏ကျေးလက်ဒေသများတွင် ရွာသူရွာသားတိုင်း၏ တစ်ဦးချင်းဝင်ငွေသည် တရုတ်ငွေ ၁၈၉၃၁ ယွမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ထက် ၂ ဆ တိုးလာသည်။ လယ်သမားများ၏ နေထိုင်မှုအဆင့်အတန်းသည် မြင့်မားသည့်အဆင့်သို့ တစ်ဆင့်တိုးလာခဲ့ပါသည်။
(သတင်းရင်းမြစ်- Xinhua၊ ဘာသာပြန်- Yunnan gateway)

 

【ခရီးသစ်သို့ ချီတက်】တရုတ်နိုင်ငံ ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသူဦးရေ ၉၈.၉၉ သန်းသည် ဆင်းရဲတွင်းမှ အားလုံး ကင်းလွတ်လာ