【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- Metropolitana Autonomous University တက္ကသိုလ်ပါမောက္ခ ချီလီ - တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် ပြည်သူပြည်သားများအားလုံးကို အလေးထားသည်

2022-07-13 11:39:08
အရင်းအမြစ်:人民日报

“ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အောင်မြင်စွာလုပ်ဆောင်ခြင်းမှ COVID-19 ရောဂါကို ခုခံတိုက်ဖျက်နိုင်သည် အထိ၊ ဂေဟစနစ်ကာကွယ်ရေးမှ အမျိုးသားကျန်းမာရေးစောင့်ရှောက်ရေးစနစ်အထိ အောင်မြင်မှုရလဒ်တိုင်းတွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ပေါ်လစီနှင့်ခေါင်းဆောင်အရာရှိများ၏ ဖွဲ့စည်းစွမ်းဆောင်ရည်နှင့် ထိရောက်သော အကောင်အထည်ဖော်ဆောင်မှုများ ပါဝင်နေပါသည်။” ဟု Metropolitana Autonomous University တက္ကသိုလ် နိုင်ငံရေးနှင့်ယဉ်‌ကျေးမှုဘာသာရပ် ပါမောက္ခ အက်ဒ်ဝပ်.ချီလီ ကပြောဆိုပါသည်။

ချီလီသည် တရုတ်နိုင်ငံသို့ (၂၀၁၇)ခုနှစ်နှင့် (၂၀၁၉)ခုနှစ်တို့တွင် နှစ်ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ထိုက်ယွမ်၊ ကွမ်းကျိုး၊ ဖော်ရှမ်းစသည့်မြို့များနှင့်ကျေးရွာဒေသများသို့ သွားရောက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို အထူးမှတ်မိနေခဲ့သည်။ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ “ပြည်သူပြည်သားများအားလုံးသည် အိမ်ရှင်ဖြစ်သည်” ဟူသော အခိုင်အမာပြောဆိုမှုနှင့် ကြိုးပမ်းအားထုတ်လုပ်ဆောင်ခြင်းကြောင့် ပြည်သူပြည်သားများက ပိုမို ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်း သူကသုံးသပ်ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် သတ်မှတ်ထားသောအချိန်အတိုင်းအတာအတိုင်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဘက်ပေါင်းစုံသာယာဝပြောသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ခဲ့ သည်။ အဆိုပါလုပ်ငန်းစဉ်သည် အလွန်ခက်ခဲကြောင်း ချီလီက ပြောသည်။ တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို တိကျစွာအကောင်အထည်ဖော်ဆောင်ခြင်း၊ အရင်းအမြစ်များကို ညှိနှိုင်းခြင်း၊ လုပ်ငန်းဆောင်တာများ တပြေးညီဖြစ်စေခြင်း စသည့်လုပ်ငန်းဆောင်တာများကို ခိုင်မြဲစွာလုပ်ဆောင်သည်။ ရလဒ်များကို လူတိုင်းနီးပါး အကျိုးခံစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သည်။ “တရုတ်နိုင်ငံသည် ကြွယ်ဝသော ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွေ့အကြုံများကို စုဆောင်းနိုင်ခဲ့သည်။ ၎င်းအတွေ့အကြုံများကို အခြားနိုင်ငံများ ထံ မျှဝေခြင်းဖြင့် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို ပိုမိုတက်ကြွသောလမ်းကြောင်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင် အ‌ထောက်အကူပြုနိုင်ခဲ့ပေသည်။”

COVID-19 ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် ဆုံးဖြတ်ချက်များကို အချိန်နှင့်တပြေးညီချမှတ်ပြီး ပြည်တွင်းအင်အားများကိုစုဆောင်းကာ ရောဂါတိုက်ဖျက်မှုလုပ်ဆောင်ခြင်းသည် ကပ်ရောဂါပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ခဲ့သည်ဟု ချီလီက သူ၏အမြင်ကိုပြောပါသည်။ ၎င်းသည် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ထူးချွန်သောစီမံခန့်ခွဲမူစွမ်းရည်နှင့် ကပ်ရောဂါကိုရင်ဆိုင်သည့်အခါ လုပ်ဆောင်သင့်သည့်လုပ်ရပ်များ ဖြစ်ကြောင်းကို သက်သေပြခဲ့ခြင်းပင် ဖြစ်သည်။ ယခုနှစ်အတွင်း ကပ်ရောဂါ၏ အ‌ရေးပေါ်အခြေအနေများကို ရင်ဆိုင်သည့်အခါ “တရုတ်နိုင်ငံသည် dynamic clearing ကို ခိုင်မြဲစွာလုပ်ဆောင်ပြီး ပြည်သူပြည်သားများ၏ အသက်နှင့် ကျန်းမာရေးကို အထူးအလေးထားသည်။” ဟု ချီလီကပြောသည်။ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်အတွေးအခေါ်များကို နားလည်လာမိပါသည်။ ၎င်းတို့မှာ ယခုနှစ်ပိုင်းတွင် အတူတကွချမ်းသာကြွယ်ဝမှုရရှိစေရန် စူးစမ်းလေ့လာခြင်းနှင့် တွန်းအားပေးခြင်း အပါအဝင် အရေးအပါဆုံးအချက်သည် ပြည်သူပြည်သားများအား ဗဟိုထားသော ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ် ဖြစ်ပါသည်။

ဉက္ကဋ္ဌ ရှီကျင့်ဖျင် တင်ပြသော လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူအသိုက်အဝန်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ်”၊ တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဗျူဟာ၊ တစ်ကမ္ဘာလုံးဆိုင်ရာလုံခြုံမှုဗျူဟာစသည့် အရေးပါသော အတွေးအခေါ်များသည် ကမ္ဘာလုံးဆိုင်ရာပြဿနာများဖြေရှင်းရန်အတွက် တရုတ်အဆိုပြုချက်များကို တင်ပြပေးလိုက်ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အထောက်အပံ့များပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် ယခုနှစ်အစပိုင်းတွင် ပေကျင်းဆောင်းရာသီအိုလံပစ်၊ ဆောင်းရာသီမသန်စွမ်းအိုလံပစ်တို့ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ကပ်ရောဂါအခြေအနေဖြစ်ပွားနေချိန်အတွင်း တရုတ်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသော အကြီးစားလှုပ်ရှားမှု အစီအစဉ် ဖွဲ့စည်းကျင်းပနိုင်သည့် စွမ်းရည်ကို ဖော်ပြပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးပုံရိပ်ကိုလည်း ပြသနိုင်ခဲ့သည်။ “တရုတ်နိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မြဲစွာ လျှောက်လှမ်းနေသည်။”ဟု ချီလီကပြောသည်။ ဤကဲ့သို့ မိမိ၏ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ယုံကြည်မှုရှိခြင်းသည် ပြည်သူပြည်သားများက တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ လမ်းညွန်မှုစွမ်းရည်ကို ယုံကြည်အားကိုးခြင်း၊ နိုင်ငံတော်မှချမှတ်သောမှတ်တိုင်များကို သဘောတူခြင်းတို့ကြောင့်ဖြစ်သည်။

သတင်းအရင်းအမြစ်။ ။ ပြည်သူ့နေ့စဉ်သတင်း
 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- Metropolitana Autonomous University တက္ကသိုလ်ပါမောက္ခ ချီလီ - တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် ပြည်သူပြည်သားများအားလုံးကို အလေးထားသည်