【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- တရုတ်နိုင်ငံကွန်မြူနစ်ပါတီအကြောင်းများသိကျွမ်းနားလည်ခြင်း - တရုတ်နိုင်ငံသည် ကမ္ဘာ လူ့အခွင့်အရေးဆိုင်ရာအုပ်ချုပ်ရေးအတွင်း၌ အရေးပါသည့်နေရာတွင်ရှိသည် ဟု နိုင်ငံအများအပြားမှလူပုဂ္ဂိုလ်များက ဆို

2022-07-13 11:44:53
အရင်းအမြစ်:人民日报

တရုတ်နိုင်ငံမှထုတ်ဖော်တင်ပြသော လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူအသိုက်အဝန်း အတွေးအခေါ် သည် နိုင်ငံနှင့်လူမျိုးကို ကျော်လွှားပြီး ကုလသမဂ္ဂလူ့အခွင့်အရေးအကြောင်းနှင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်များနှင့် များစွာကိုက်ညီနေကြောင်း၊ ဒုက္ခရောက်နေသော ကမ္ဘာ့လူ့အခွင့်အရေး ဆိုင်ရာ အုပ်ချုပ်ရေးအတွက် ဆန်းသစ်သောမျှော်လင့်ချက်များ သယ်ဆောင်ပေးလာကြောင်း အာဂျင်တီးနား Universidad Nacional de La Plata တက္ကသိုလ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး သုတေသနစခန်း တရုတ်နိုင်ငံသုတေသနစင်တာ ညွှန်ကြားရေးမှူး စီးဖူလန်က သုံးသပ်ပြောကြား ပါသည်။


နိုင်ငံများစွာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုကြီးမားလာစေ သည်ဟု ဉရောပတိုက်သိပ္ပံနှင့်အနုပညာကောလိပ်ပညာရှင် Pete Herman က ပြောသည်။ “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အသုံးပြုပြီး ပြည်သူပြည်သားများအတွက် ကောင်းကျိုးပေးရန် မည်သို့လုပ်ဆောင်ရမည်နည်း။ ပြည်သူပြည်သားများအတွက် စည်းစိမ်ဉစ္စာများပိုမိုရရှိစေရန် မည်သို့လုပ်ရမည်နည်း။ ဤသည်တို့ကို တရုတ်နိုင်ငံက အကောင်အထည်ဖော်လုပ်ဆောင်ချက်များဖြင့် အဖြေပေးနိုင်ခဲ့သည်။”


“ယခုကမ္ဘာပေါ်တွင် တရုတ်နိုင်ငံက အရေးပါသောဇာတ်ကောင် ဖြစ်နေပါသည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် စီးပွားရေးအရှိန်အဟုန်တိုးမြှင့်မှုရရှိခဲ့ခြင်းကို ကမ္ဘာပေါ်ရှိဖွံ့ဖြိုးဆဲနိုင်ငံ အများက လေးစားခဲ့ကြသည်”ဟု အိုင်ယာလန်University College Cork တက္ကသိုလ် အသုံးချလူမှုရေး သုတေသနကောလိပ်ကထိက Felim Hedmeier က ပြောသည်။ တရုတ်နိုင်ငံသည် အရှေ့အနောက်နှင့် တောင်မြောက်နိုင်ငံများအကြားတွင် တံတားတည်ထောင်နိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး အုပ်ချုပ်မှုများအတွက် တမူထူးခြားသောလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနိုင်ပါသည်။
သတင်းရင်းမြစ် - ပြည်သူနေ့စဉ်သတင်း

 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- တရုတ်နိုင်ငံကွန်မြူနစ်ပါတီအကြောင်းများသိကျွမ်းနားလည်ခြင်း - တရုတ်နိုင်ငံသည် ကမ္ဘာ လူ့အခွင့်အရေးဆိုင်ရာအုပ်ချုပ်ရေးအတွင်း၌ အရေးပါသည့်နေရာတွင်ရှိသည် ဟု နိုင်ငံအများအပြားမှလူပုဂ္ဂိုလ်များက ဆို