【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- “ကမ္ဘာ့ရေးရာတွင် အလွန်ကောင်းသည့် ထိရောက်သောလုပ်ဆောင်မှုရှိသည့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ”

2022-07-14 19:43:15
အရင်းအမြစ်:人民日报

“တရုတ်နိုင်ငံကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး၌ အလွန် အရေးပါသော လမ်းညွှန်မှုစွမ်းဆောင်ချက်လုပ်ဆောင်နေပါသည်။ ကမ္ဘာ့ရေးရာတွင်လည်း အလွန်ကောင်းသည့် ထိရောက်မှုများလုပ်ဆောင်နေပါသည်”ဟု မလေးရှားနိုင်ငံ United Malays National Organization ယခင်အမြင့်ဆုံးကောင်စီအဖွဲ့ဝင် ရင်အော်မောဟီကျာက ပြောဆိုပါသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်သော ရင်အော်မောဟီကျာသည် တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာလာရောက်လည်ပတ်ဖူးသည်။ ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီးပွားလူမှုရေးသည် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ရင်အော်မောဟီကျာက ဆိုသည်။ အမြန်လမ်းမကြီးများ၊ လေဆိပ်စသည့်အခြေခံအဆောက်အဦးများကို အရှိန်အဟုန်မြှင့်တင်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာတိုးတက်လာသည်။ ကျေးရွာများတွင် အင်တာနက်ထွန်းကားလာပြီး နိုင်ငံတကာကျောင်းသားများ တရုတ်နိုင်ငံသို့ လာရောက်ပညာတော်သင်လျက်ရှိသည်။

၂၀၁၇ ခုနှစ် တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့ပါတီထိပ်သီးအကြီးအကဲများတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ရန် ရင်အော်မောဟီကျာသည် ဖိတ်ကြားခံရသဖြင့် ပေကျင်းသို့ရောက်ရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တွေ့ဆုံဆွေးနွေးပွဲ၌ လူသားမျိုးနွယ်ကံကြမ္မာအကျိုးတူအသိုက်အဝန်း၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းပြောဆိုခဲ့ကြောင်း၊ ကမ္ဘာ့ပြဿနာများကိုရင်ဆိုင်သည့်အခါ တရုတ်နိုင်ငံ၏အဆိုပြုလွှာကို မျှဝေတင်ပြခဲ့ကြောင်း ရင်အော်မောဟီကျာက ပြောပါသည်။ “ကျွန်တော်တို့ကို တရုတ်နိုင်ငံရဲ့အနာဂတ်နဲ့ ကမ္ဘာ့အနာဂတ်ကို မြင်တွေ့စေခဲ့ပါတယ်။ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံကြီးခေါင်းဆောင်ပီသတဲ့ တာဝန်ခံမှုကိုဖော်ပြနိုင်ခဲ့ပါတယ်။”

“ကိုယ့်မိဘကိုချစ်ခင်သလို ပြည်သူပြည်သားများကိုချစ်ခင်ပါ။ ပြည်သူပြည်သားများအတွက် အကျိုးပြုပြီး သာယာကောင်းမွန်သောဘဝသို့ လက်တွဲလျှောက်လှမ်းပါ။” အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏စကားကို ရင်အော်မော်ဟီကျာက အလွန်ကြိုက်နှစ်သက်သည်။ ၎င်းသည် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ ပြည်သူ အတွက် အုပ်ချုပ်ရေးအတွေးအခေါ်ကို ပြည့်ဝစွာဖော်ဆောင်နိုင်သည်ဟု ထင်မြင်ပါသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၏ (၂၀)ကြိမ်မြောက် အမျိုးသားကွန်ကရက်သည် ယခုနှစ်တွင် တရုတ်နိုင်ငံ၏အရေးပါသော နိုင်ငံရေးအစီအစဉ်ဖြစ်ကြောင်း ရင်အော်မောဟီကျာက ပြောသည်။ “တရုတ်နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံစီမံချက်နဲ့ လမ်းညွှန်ချက်တွေကို ဒီအကြိမ်အစည်းအဝေးကနေ ပံ့ပိုးပေးနိုင်ဖို့ အထူးမျှော်လင့်ပါတယ်။”
မူရင်း - ပြည်သူ့နေ့စဉ်သတင်းစာ

 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း-- “ကမ္ဘာ့ရေးရာတွင် အလွန်ကောင်းသည့် ထိရောက်သောလုပ်ဆောင်မှုရှိသည့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ”