【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း။ ။ မြန်မာနိုင်ငံ မန္တလေးမြို့ ဖူကျင့်(တရုတ်ဘာသာစကား)ကျောင်း ကျောင်းအုပ် - လီကျူချင်း “လူသားများ ဆင်းရဲနွမ်းပါးမှုမှကင်းလွတ်စေရန်အတွက် ဖြေရှင်းရေးအတွေးများကို ထောက်ပံ့ပေးသည်။”

2022-07-19 17:04:33
အရင်းအမြစ်:人民日报

“နှစ်(၃၀)အတွင်း ကျွန်တော်သည် တရုတ်နိုင်ငံသို့ အကြိမ်များစွာ သွားရောက်ခွင့် ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ကျွန်တော်သည် လည်ပတ်လေ့လာရေးမှသည် လက်တွေ့သင်ကြားမှုနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများစွာ ရရှိခဲ့ပါသည်”ဟု မြန်မာနိုင်ငံ မန္တလေးမြို့ ဖူကျင့်(တရုတ်ဘာသာစကား)ကျောင်း ကျောင်းအုပ် လီကျူချင်းက ပြောပါသည်။ တရုတ်နိုင်ငံ၏ အရှိန်အဟုန်မြှင့်တိုးတက်မှုသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားများ အဆက်မပြတ်သယ်ဆောင်ပေးနေသည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးလည်း အတူဖွံ့ဖြိုးတိုးတက်မှုများအကြား၌ ရေရှည်တည်တံ့လာပါသည်။

ကျောင်းအုပ် လီကျူချင်းသည် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ လည်း ဖြစ်ပါသည်။ (၁၉၉၅)ခုနှစ်က တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့ပြီးနောက်ပိုင်း အခွင့်အရေးရတိုင်း တရုတ်နိုင်ငံသို့သွားရောက်ပြီး လေ့လာမှုများလုပ်ဆောင်ခဲ့ပါသည်။ အစည်းအဝေးများ တက်ရောက်ပြီး တရုတ်နိုင်ငံပညာရှင်များနှင့်ဆွေးနွေးဖလှယ်မှုများ လုပ်ဆောင်လေ့ရှိပါသည်။ “အခုနှစ်တွေမှာ တရုတ်နိုင်ငံနေရာအများကို ကျွန်တော်ရောက်ခဲ့ပါသည်။ ပညာရေးလုပ်ငန်း လုပ်ကိုင်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဥပမာပြောရပါက စီချွမ်းတက္ကသိုလ်မှ ပညာရှင်များနှင့်အတူ သုတေသနပြုပြီး “မြန်မာနိုင်ငံဖွားတရုတ်လူမျိုးဘာသာစကားသုတေသနပြုခြင်း” စာအုပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ အောင်မြင်မှုရလဒ်များစွာရရှိခဲ့ပါသည်။”

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးသည် ဘက်စုံအောင်မြင်မှုရရှိခဲ့ကြောင်း လီကျူချင်း က ပြောပါသည်။ ကုလသမဂ္ဂ၏ (၂၀၃၀)ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် ဆင်းရဲနွမ်းပါးမှုလျော့ချရေးပန်းတိုင်ကို ကြိုတင်ဖြစ်မြောက်နိုင်ခဲ့ပြီး ကမ္ဘာ့ဆင်းရဲနွမ်းပါးမှု လျော့နည်းရေးလုပ်ငန်းအတွက် ကြီးမားသောထောက်ပံ့မှု လုပ်ဆောင်နိုင်ခဲ့ပါသည်။ “၎င်းသည် ကမ္ဘာတွင် အဓိပ္ပါယ်ပြည့်ဝသည့် အရေးပါသော ရလဒ်ဖြစ်ပါသည်။ လူဦးရေသန်းပေါင်း(၁၄၀၀)ကျော်ရှိသောနိုင်ငံကြီးတွင် ဆင်းရဲနွမ်းပါးမှု လုံးဝကင်းလွတ်နိုင်ခဲ့ခြင်းသည် လူသားများ ဆင်းရဲနွမ်းပါးမှုမှကင်းလွတ်စေရန် ဖြေရှင်းရေးအတွေးများကို ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ လူသားချင်းစာနာထောက်ထားမှုအဓိပ္ပါယ်နှင့် ကမ္ဘာအဓိပ္ပါယ်ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ သတ်မှတ်ထားသောအချိန်အတွင်း၌ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမှတ်တိုင်ကို ရောက်ရှိခြင်း၊ သာယာဝပြောသောလူမှုရေးကို ဘက်စုံတည်ဆောက်နိုင်ခြင်းတို့အပေါ် လွန်စွာလေးစားပါ သည်။ တရုတ်နိုင်ငံ၏အတွေ့အကြုံဖြင့် မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှုမှကင်းလွတ်စေရန် ပံ့ပိုးစေလိုပါသည်” ဟု လီကျူချင်းက ပြောပါသည်။

တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာနှင့်ခွဲခြား၍မရနိုင်သကဲ့သို့ ကမ္ဘာကြီးစည်ကားသာယာရန် တရုတ်နိုင်ငံကိုလည်းလိုအပ်ပါသည်။ “လူသားကံကြမ္မာအကျိုးတူအသိုက်အဝန်းအတွေးအခေါ်သည် ကမ္ဘာနိုင်ငံများအားလုံး အတူလက်တွဲပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်သင့်သည်ကို ဖော်ပြထားပါသည်” ဟု လီကျူချင်း ကထင်မြင်ပါသည်။ ဥက္ကဋ္ဌရှီကျင့်ဖျင်မှတင်ပြသော လူသားကံကြမ္မာအကျိုးတူ အသိုက်အဝန်း အတွေးအခေါ်၊ လူသားမျိုးနွယ်တန်ဖိုးတူ၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု”မဟာဗျူဟာ၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ စသည့်အရေးပါအတွေးအခေါ်နှင့်မဟာဗျူဟာတို့သည် ကမ္ဘာ့ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးအတွက် အရေးပါသောထောက်ပံ့မှုများ ပံ့ပိုးနိုင်ခဲ့ပါသည်။

“တရုတ်နိုင်ငံမှ အတူသာယာဝပြောရေးကို တွန်းတင်လုပ်ဆောင်ခြင်းသည် ပြည်သူပြည်သားများကို ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ဖြစ်ပါသည်။ အများပြည်သူ၏ အခြေခံအကျိုးခံစားချက်များကို ကိုယ်စားပြုပေးခြင်းဖြစ်ပါသည်”ဟု လီကျူချင်းက ပြောသည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွင်း၌ အတူသာယာဝပြောရေးကို တွန်းတင်လုပ်ဆောင်နေသည်။ နိုင်ငံအသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်ရေးအတွက် အ‌ရေးပါသော သင်ခန်းစာထောက်ပံ့ပေးနေပါသည်။ အပြည်ပြည်ဆိုင်ရာ လူမှုရေးလောကမှ ကျယ်ပြန့်စွာဂရုစိုက်နေကြပါသည်။ “မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ ပြည်သူပြည်သားများသည် သာယာဝပြောသောနေထိုင်မှုဘဝကို လိုလားကြပါသည်။ အတူတကွသာယာဝပြောရေးအတွေးအခေါ်သည် နိုင်ငံစီးပွားလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းတင်စေနိုင်ပါသည်။ ပြည်သူပြည်သားများလူနေမှုအဆင့်ကို မြင့်တင်နိုင်ပါသည်။ ကျွန်တော်တို့နမူနာအတုယူဖွယ်ဖြစ်ပါသည်။”

“ယခု တရုတ်ယဉ်ကျေးမှုကို နှစ်သက်သည့် မြန်မာလူမျိုးပိုမိုများပြားလာပါသည်။ တရုတ် ဘာသာစကားကို သင်ယူလာကြပြီဖြစ်ပါသည်။” မြန်မာ-တရုတ်နှစ်နိုင်ငံအကြား၏ ယဉ်ကျေးမှုသံတမန်အဖြစ်လုပ်ဆောင်နေသော လီကျူချင်းသည် မြန်မာနိုင်ငံတွင် တရုတ်ယဉ်ကျေးမှုကို တက်ကြွစွာတွန်းတင်နေပြီး တရုတ်ဘာသာစကားသင်ကြားရေးများ လုပ်‌ဆောင်နေပါသည်။ မန္တလေးမြို့ ဖူကျင့်(တရုတ်ဘာသာစကား)ကျောင်းသည် (၂၀၀၈)ခုနှစ်တွင် ကွန်ဖြူးရှပ်ကျောင်းဆိုင်းဘုတ်၊ (၂၀၀၉)ခုနှစ်တွင် “နိုင်ငံရပ်ခြားတရုတ်ဘာသာစကားသင်ကြားရေးသာဓကကျောင်း”ဆိုင်းဘုတ်ကို အသီးသီး ချိတ်ဆွဲနိုင်ခဲ့ပါသည်။ လီကျူချင်းကျောင်းအုပ်၏ကြိုးပမ်းမှုကြောင့် မြန်မာလူငယ်အများသည် တရုတ်ဘာသာစကားကို သင်ယူလေ့လာခြင်းဖြင့် မိမိ၏အိပ်မက်များကို ဖြစ်မြောက်နိုင်ခဲ့သည်။ ပိုမိုပြည့်စုံသော တရုတ်နိုင်ငံကို သိကျွမ်းနိုင်ခဲ့သည်။ မြန်မာ-တရုတ်ပြည်သူပြည်သားများ စိတ်နှလုံးချင်းဆက်စေသော သံတမန်များဖြစ်လာပါတော့သည်။


သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway
 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း။ ။ မြန်မာနိုင်ငံ မန္တလေးမြို့ ဖူကျင့်(တရုတ်ဘာသာစကား)ကျောင်း ကျောင်းအုပ် - လီကျူချင်း “လူသားများ ဆင်းရဲနွမ်းပါးမှုမှကင်းလွတ်စေရန်အတွက် ဖြေရှင်းရေးအတွေးများကို ထောက်ပံ့ပေးသည်။”