【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း။ ။ “တရုတ်နိုင်ငံအရေးကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့ အဓိကအကြောင်းရင်းဟာ တရုတ်ကွန်မြူနစ်ပါတီကြောင့်ပဲဖြစ်တယ်”

2022-07-28 11:06:33
အရင်းအမြစ်:人民网

“တရုတ်ကွန်မြူနစ်ပါတီက လူတိုင်းသိတဲ့ ယနေ့ခေတ်တရုတ်ပြည်ကို တည်ဆောက်တဲ့ ဦးဆောင်အင်အားအဖွဲ့ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီကို သိရှိနားလည်မှသာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နိုင်ငံရဲ့တန်ဖိုးနဲ့ မျှော်လင့်ချက်တွေကို သိရှိနားလည်နိုင်မယ်”ဟု ကင်ညာနိုင်ငံ နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်ပညာရှင် ခါဝင်စ်·အာတယ်ရှ်လ်မှ ဆိုခဲ့သည်။

အင်္ဂလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် မာတင်း· ရပ်လ်သည် “ယခုခေတ်ကာလရဲ့တရုတ်က ပြီးခဲ့တဲ့ နှစ် ၂၀၀ အတွင်း ဘယ်အချိန်နဲ့နှိုင်းယှဉ်ကြည့်ကြည့် ပိုမို စည်းလုံးညီညွတ်မှုရှိတယ်။ ဘယ်အနောက်တိုင်းရဲ့ အုပ်ချုပ်ရေးနည်းလမ်းကမှ အခုလိုမလုပ်နိုင်ဘူး။ တရုတ်နိုင်ငံလို အောင်မြင်မှုအသီးအပွင့်ရချင်ရင် မတူညီတဲ့ စီမံအုပ်ချုပ်ရေးပုံစံလိုပါတယ်။ မဟာဗျူဟာမြောက် စဥ်းစားတွေးခေါ်နိုင်တဲ့အပြင်၊ သမိုင်းရာဇဝင်အခြေခံအုတ်မြစ်ရှိခြင်း၊ သဘောထားကြီးမြတ်ခြင်း၊ ပြည်သူလူထုကိုလှုံ့ဆော်နိုင်ခြင်းစတာတွေလည်းလိုအပ်တယ်၊ အဲဒီအချက်အလက်ရှိရင် အလုပ်ကို တတယ်လုပ်ဆောင်နိုင်တယ်”ဟု ပြောဆိုခဲ့ပါသည်။

ဂျာမနီနိုင်ငံဝန်ကြီးချုပ်ဟောင်း မော်ခလ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလတွင် တရုတ်နိုင်ငံ၏မြို့ပြများစွာသို့ သွားရောက်လည်ပတ်လေ့လာခဲ့ပါသည်။ ဝန်ကြီးချုပ်တာဝန်နုတ်ထွက်ချိန်တွင် သူသည်“နောင်မှာအခွင့်ရှိရင် တရုတ်နိုင်ငံကျေးလက်ဒေသများသို့ ထပ်ပြီးသွားကြည့်ချင်သေးတယ်”ဟူသော သူ၏မျှော်လင့်ချက်ကို ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံကို အချိန်များစွာဂရုတစိုက်ရှိခဲ့သော ဘရာဇီးနိုင်ငံသမ္မတဟောင်း လော်စိုက်ဖုလ်မှ “ကျွန်တော်တို့က တရုတ်နိုင်ငံရဲ့ ထူးခြားချက်ဝိသေသလက္ခဏာရှိ ဆိုရှယ်လစ်လမ်းကြောင်းကို ဂရုစိုက်ဖို့လိုတယ်။ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုကို ဂရုစိုက်ဖို့လိုတယ်။ တရုတ်နိုင်ငံရဲ့ တိုးတက်မှုဖြစ်စဉ်က နောက်ပြန်လှည့်လို့ရတာမျိုးမဟုတ်ဘူး”ဟု ဆိုခဲ့သည်။

ကျယ်နီစော်ဖူလ်သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူ၏ထင်မြင်ချက်အရ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကြောင့် အခြားသောနိုင်ငံတွင် ခက်ခဲသော အလုပ်များစွာက တရုတ်နိုင်ငံတွင် ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟုယုံကြည်သည်။ တရုတ်ပြည်သူပြည်သားများအတွက် အကျိုးအမြတ်ဆောင်ကျဥ်းသည့်အပြင် နိုင်ငံအသီးသီးများအတွက်လည်း စံနမူနာဖြစ်ခဲ့ပါသည်။
(သတင်းရင်းမြစ်- people.com.cn ၊ ဘာသာပြန်- Yunnan gateway)

 

【ခရီးသစ်သို့ ချီတက်】နိုင်ငံတကာအသံများမှတစ်ဆင့် တရုတ်နိုင်ငံကို သိရှိနားလည်ခြင်း။ ။ “တရုတ်နိုင်ငံအရေးကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့ အဓိကအကြောင်းရင်းဟာ တရုတ်ကွန်မြူနစ်ပါတီကြောင့်ပဲဖြစ်တယ်”