တရုတ်အကြီးအကဲများက ပြည်သူပြည်သားများအပေါ် ချစ်ခြင်းမေတ္တာကို တိကျမှန်ကန်စွာ ခံစားရစေ

2022-09-08 11:35:01
အရင်းအမြစ်:人民日报

ကျွန်တော်တို့၏သတင်းထောက်သည် အင်္ဂလန်နိုင်ငံလူငယ် ခါမေလ်လုံ·ကျန်းမူစ်·ဖာထက်စိန်ကို အင်တာဗျူးလုပ်ရာတွင် သူသည် Lancaster တက္ကသိုလ် ကွန်ဖြူးရှပ်ဌာနတွင် လက်ထောက်ဆရာအဖြစ် မကြာသေးမီက စတင်တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။ “သမ္မတရှီကျင့်ဖိန်ရဲ့ ကတိကဝတ်နဲ့ အားပေးခြင်းကြောင့် ကျွန်တော်က တရုတ်ဘာသာစကားကို အဆက်မပြတ် ကြိုးစားပန်းစား သင်ယူလေ့လာခဲ့တယ်။ တရုတ်-အင်္ဂလိပ်ပညာရေးပူးပေါင်းဆောင်ရွက်မှုထဲမှာ တက်ကြွစွာ ပါဝင်တယ်။ အင်္ဂလန်နဲ့တရုတ်ပြည်သူပြည်သားတွေအကြား ချစ်ခင်ရင်းနှီးမှုကို တွန်းအားပေးဖို့ ပေါင်းကူးတံတားအဖြစ် ပိုမိုဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု သူက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် သူသည် သူ့ဘဝတွင် မမေ့နိုင်သော အခိုက်အတန့်တစ်ခုကို ကြုံတွေ့ခဲ့ပါသည်။ အဆိုပါနေ့တွင် အင်္ဂလန်နိုင်ငံကို ခရီးသွားလေ့လာခဲ့သော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်္ဂလန်တစ်နိုင်ငံလုံးဆိုင်ရာ ကွန်ဖြူးရှပ်ကျောင်းနှင့် စာသင်ခန်း၏ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ ခါမေလ်လုံ·ကျန်းမူစ်·ဖာထက်စိန်သည် ၂၀၁၅ ခုနှစ် တရုတ်ဘာသာစကား ပေါင်းကူးတံတားပြိုင်ဆိုင်မှု ဥရောပတိုက်၏ ချန်ပီယံဗိုလ်စွဲသူအဖြစ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဘာသာစာကားသင် ကျောင်းသူကျောင်းသားများ ကိုယ်စား သမ္မတရှီကျင့်ဖိန် ရေးသားသော “အစိုးရဝန်ထမ်းကောင်း ကျောင်းရိလုကို သတိရအောက်မေ့ခြင်းဖော်ပြ” ကို ရွတ်ဆိုခဲ့သည်။

ခါမေလ်လုံ·ကျန်းမူစ်·ဖာထက်စိန်၏ ရွတ်ဆိုသံသည် တရုတ်စကားသံပီသပြီး ချစ်ခြင်းမေတ္တာနှင့်လည်းပြည့်စုံပါသည်။ ထို့ကြောင့် ပရိသတ်များ၏ လက်ခုပ်တီးသံချီးကျူးမှုကို များစွာ ရရှိခဲ့သည်။ သမ္မတရှီကျင့်ဖိန်ကလည်း “သူက တရုတ်စကားသံ တော်တော်ပီသတယ်။ ရွတ်ဆိုမှုကလည်း ကျွန်တော်ထက် ပိုကောင်းတယ်”ဟု ချီးကျူးခဲ့သည်။

ခါမေလ်လုံ·ကျန်းမူစ်·ဖာထက်စိန်သည် “သမ္မတရှီကျင့်ဖိန်ရဲ့ ချီးကျူးစကားက ကျွန်တော့်ကို ဉာဏ်ပွင့်စေတယ်။ ကွန်ဖြူးရှပ်ကျောင်းကနေ ကျောင်းသားဟောင်းနဲ့ ကျောင်းဆရာအဖြစ် အင်္ဂလန်-တရုတ် ယဥ်ကျေးမှုနဲ့လူမှုရေးဖလှယ်ရေးကဏ္ဍမှာ အကျိုးဆောင်ပေးနိုင်တဲ့အတွက် ကျွန်တော် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်က တရုတ်ဘာသာစကား သင်ယူတဲ့ ကျောင်းသူကျောင်းသားများစွာကို ကြုံတွေ့ခဲ့တယ်။ သူတို့က ပထမဆုံးအကြိမ် Cambridge နဲ့ ထပ်မံခွဲခွာခြင်း ကဗျာကို တရုတ်လို ရွတ်ဆိုခဲ့တယ်၊ ပထမဆုံးအကြိမ် စုတ်တံနဲ့ မိမိနာမည်ရေးခဲ့တယ်။ အဲဒီအချိန်မှာ တရုတ်နဲ့ နီးနီးကပ်ကပ်ရှိတယ်ဆိုတဲ့စိတ်ခံစားချက် ရရှိလို့ တော်တော်လေး ကောင်းမွန်ပါတယ်။ ကျွန်တော်က ကွန်ဖြူးရှပ်စာသင်ခန်းကတစ်ဆင့် ပိုမိုများပြားတဲ့ အင်္ဂလန်ကျောင်းသူကျောင်းသားတွေကို တရုတ်ယဥ်ကျေးမှုရဲ့ နက်ရှိုင်းတဲ့ အလှနဲ့ဆွဲဆောင်မှုကို ခံစားမိစေချင်တယ်”ဟု ပြောကြားခဲ့သည်။

(သတင်းရင်းမြစ်- ပြည်သူ့နေ့စဥ်သတင်းစာ ၊ ဘာသာပြန်- Yunnan gateway)
 

တရုတ်အကြီးအကဲများက ပြည်သူပြည်သားများအပေါ် ချစ်ခြင်းမေတ္တာကို တိကျမှန်ကန်စွာ ခံစားရစေ