“၃၈၁၅”မဟာဗျူဟာဖြင့် ယူနန်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံကို ဒီဇိုင်းရေးဆွဲ

2022-11-28 15:41:33
အရင်းအမြစ်:《吉祥》杂志

အခြေခံအားဖြင့် ခေတ်မီသော ဆိုရှယ်လစ်လောကသို့ တရုတ်တစ်နိုင်ငံလုံးက တပြိုင်နက် ဝင်ရောက်ဖို့ သေချာစေရန် ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်သည် “၃၈၁၅” မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပြုတင်ပြခဲ့ပါသည်။

“၃၈၁၅”ဆိုသည်မှာ အဘယ်နည်း

၎င်းသည် အချိန်ဇယားတစ်ခုပင်ဖြစ်သည်။

“၃”ဆိုသည်မှာ ၃ နှစ်တာကာလအတွင်း အဆင့်တစ်ဆင့် တိုးတက်ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ ၂၀၂၃ခုနှစ် မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်တာကာလကို စွဲမြဲစွာ ပိုင်နိုင်ခြင်းဖြစ်သည်။ ၃ နှစ်တာ လုပ်ဆောင်ခြင်းအစီအစဥ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှတစ်ဆင့် အရည်အသွေးမြင့်မားသော၊ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှုဖြင့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိရန် တွန်းအားပေးမည်ဖြစ်သည်။

“၈”ဆိုသည်မှာ ၈ နှစ်တာကာလတွင် ဧရာမဖွံ့ဖြိုးတိုးတက်မှုကို ရရှိရမည်ဖြစ်သည်။

ဆိုလိုသည်မှာ ၂၀၂၃ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၈ နှစ်တာကာလကို အထူးအာရုံစိုက်ခြင်းဖြစ်သည်။ “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း”၏ နောက်ဆုံးသက်တမ်းဖြစ်သည့် ၂၀၃၀ ပြည့်နှစ်ရောက်ရှိသောအခါ ယူနန်နှင့် တရုတ်တစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို သိသာထင်ရှားစွာ လျော့နည်းစေမည် ဖြစ်သည်။

“၁၅”ဆိုသည်မှာ ၁၅ နှစ်တာကာလတွင် ဧရာမ ခုန်ပျံကျော်လွှားအောင်မြင်မှု ရရှိခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ဘက်ပေါင်းစုံမှ အတော်အသင့်သက်သာချောင်ချိသော လူနေမှုဘဝကို အောင်မြင်စွာ တည်ဆောက်ပြီးစီးရေး အခြေခံအုတ်မြစ်အဖြစ်အခြေခံပြီး “၅ နှစ်စီမံကိန်း” ၃ ခုကို စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အခြေခံအားဖြင့် ခေတ်သစ်သော ဆိုရှယ်လစ်လောကကို တရုတ်တစ်နိုင်ငံလုံးနှင့် တပြိုင်နက် တည်ဆောက်မည်ဖြစ်သည်။

“၃၈၁၅”၏ အနက်အဓိပ္ပာယ်က အဘယ်နည်း

“၃၈၁၅”မဟာဗျူဟာသည် ယူနန်ပြည်နယ်အား အောက်တွင်ဖော်ပြသော အနည်းဆုံး နယ်ပယ် ၃ ခုတွင် အပြောင်းအလဲအဆင့်မြင့်တင်ခြင်း သိသာထင်ရှားစေမည်ဖြစ်သည်--

ပထမအနေဖြင့် စီးပွားရေးစုစုပေါင်းပမာဏသည် ဆက်လက်တိုးချဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ယူနန်ပြည်နယ်၏ စီးပွားရေးစုစုပေါင်းပမာဏသည် တရုတ်တစ်နိုင်ငံလုံး၏ ၁၈ ခုမြောက်နေရာ ရှိခဲ့ပြီး ယခုနှစ်အစကတည်းက ယူနန်ပြည်နယ်၏ ထုတ်လုပ်ရေးစုစုပေါင်းတန်ဖိုးတိုးတက်နှုန်းသည် တစ်နိုင်ငံလုံး၏ ပျမ်းမျှအဆင့်ထက် ပိုမိုမြင့်တက်ခဲ့ပါသည်။ ရေရှည်တွင် ယူနန်၏စီးပွားရေးသည် အရည်အသွေးကဏ္ဍတွင် တည်ငြိမ်စွာ မြင့်တက်နေသကဲ့သို့ ပမာဏကဏ္ဍတွင်လည်း ကျိုးကြောင်းဆီလျော်စွာ တိုးတက်မှုရရှိမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အားနည်းသောနေရာကို ထိရောက်စွာ ဖြည့်စွက်မည်ဖြစ်သည်။ ယခုနှစ်မှစတင်ပြီး ယူနန်သည် လယ်ယာစိုက်ပျိုးရေးခေတ်မီတိုးတက်ရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ ပုဂ္ဂလိကစီးပွားရေး၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ၃ နှစ်တာစီမံကိန်းကို ရှေ့ဆင့်နောက်ဆင့် ဆောင်ရွက်လျက်ရှိသည်။

တတိယအချက်အနေဖြင့် ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝအရည်အသွေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်ခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၀ နှစ်တွင် ယူနန်မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူပြည်သားများ၏ တစ်ဦးချင်းဝင်ငွေသည် ၂၀၁၂ ခုနှစ်နှင့်နှိုင်းကြည့်လျှင် နှစ်ဆ တိုးလာသည်။ အထွေထွေစီးပွားရေးအင်အား၏ စဉ်ဆက်မပြတ်တိုးတက်မှုနှင့်အညီ ယူနန်၏ ဒေသတွင်း လူတစ်ဦးချင်း ပျမ်းမျှထုတ်လုပ်ရေးတန်ဖိုးနေရာသည် တည်တံ့ခိုင်မြဲစွာ ထားရှိခြင်း သို့မဟုတ် အဆင့်မြင့်တင်ခြင်း ဟူသော အလားအလာဖြစ်ပေါ်နိုင်မည်။ ယူနန်သူယူနန်သားတို့၏ ဝင်ငွေတိုးများခြင်းနှင့် စီးပွားရေးတိုးတက်ခြင်းကို ထိန်းသိမ်းသည်နှင့်အတူ လူမှုယဥ်ကျေးမှုတိုးမြင့်ရန်၊ ပြည်သူပြည်သားများ၏ နေထိုင်မှုအရည်အသွေး ကောင်းမွန်စွာပြောင်းလဲရန် အလားတူသယ်ဆောင်သွားမည်ဖြစ်သည်။

“၃၈၁၅”မဟာဗျူဟာကို မည်ကဲ့သို့ဆောင်ရွက်မည်နည်း

အနာဂတ်တွင် “အာရုံစိုက်ခြင်း ၅ ခု၊ ကြိုးစားဆောင်ရွက်ခြင်း ၅ ရပ်”ကို အလေးထား ဆောင်ရွက်မည် ဖြစ်သည်။

အားနည်းသောလုပ်ငန်းရပ်များကို အာရုံစိုက်အလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက် ပြည့်စုံစေခြင်း၊ အခြေခံအဆောက်အအုံ၊ လယ်ယာစိုက်ပျိုးရေး ကျေးလက်ဒေသနှင့် လယ်သမားဟူသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာရေးရာ ၃မျိုး၊ ခေတ်သစ် ကျေးလက်လူဦးရေက မြို့ပြလူဦးရေသို့ရွှေ့ပြောင်းခြင်း၊ အများပြည်သူအတွက် အခြေခံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းစသည့် အားနည်းသောလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် အားစိုက်မည်ဖြစ်သည်။

အားသာချက်များနှင့် အားနည်းချက်များကို အာရုံစိုက်ရမည်ဖြစ်သည်။ ဘက်ပေါင်းစုံမှ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်းကို ဆောင်ရွက်ပြီး အဆင့်မြင့်မားသောတံခါးဖွင့်မူဝါဒကို ရှေ့သို့ ချီတက်ရန် တွန်းအားပေးမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် ဆန်းသစ်တီထွင်မှုဖန်တီးခြင်းကို အားကောင်းလာစေရမည် ဖြစ်သည်။ ထို့ပြင်၊ ပညာရေးအားဖြင့် ပြည်နယ်အား အင်အားတိုးမြင့်ခြင်းမဟာဗျူဟာ၊ ကျွမ်းကျင်ထူးချွန်ပညာရှင်များဖြင့် ပြည်နယ်အင်အားတိုးမြင့်ခြင်းမဟာဗျူဟာ စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားကို အလေးပေးဆောင်ရွက်ရမည်ဖြစ်သည်။

အားသာချက်ကို ပြည့်ဝစွာအသုံးပြုရန် အာရုံစိုက်ရမည်ဖြစ်သည်။ ပထဝီအခြေအနေ၊ အစိမ်းရောင်စွမ်းအင်၊ ကုန်းပြင်မြင့်ထူးခြားချက်လက္ခဏာရှိလယ်ယာစိုက်ပျိုးရေး၊ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးသယံဇာတ စသည့်ကဏ္ဍများမှ အားသာချက်ကို ပြည့်ဝစွာအသုံးပြုခြင်းဖြင့် ဘက်ပေါင်းစုံမှ ပတ်ဝန်းကျင်နေရာနှင့်ဒေသများအား အကျိုးဆောင်ကျဥ်းပေးသည့်စွမ်းအားကို တိုးမြှင့်စေရမည်။ အစိမ်းရောင်စွမ်းအင်အင်အားကြီးပြည်နယ်၊ အစိမ်းရောင်လယ်ယာစိုက်ပျိုးရေးပြည်နယ်၊ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးအင်အားကြီးပြည်နယ်၊ သံမဟုတ်သောသတ္တုများ(Nonferrous Metals) ပေါကြွယ်သောပြည်နယ်၊ ဇီဝစက်မှုဆိုင်ရာလုပ်ငန်းအင်အားကြီးပြည်နယ်အဖြစ် ဆောင်ရွက်ရမည်။ ယူနန်၏ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာကို အလေးပေးရှာဖွေရမည်ဖြစ်သည်။

လုံခြုံရေးနှင့်ကာကွယ်ထိန်းသိမ်းခြင်းကို အာရုံစိုက်ဆောင်ရွက်ရမည်။ နယ်စပ်ဒေသ၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို စဉ်ဆက်မပြတ်အလေးပေးဆောင်ရွက်ရမည်။ နိုင်ငံတော်၏ စီးပွားရေးလုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်ရမည်။ အနောက်တောင်ပိုင်းဒေသ၏ ဇီဝဂေဟစနစ်လုံခြုံရေးအကာအရံကို ခိုင်မာစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ လူမှုရေးစီမံထိန်းချုပ်ရေးနည်းလမ်းကို ပိုမိုခိုင်မာစွာ ဆောင်ရွက်ရမည့်အပြင်၊ နည်းလမ်းသစ်များလည်း ရှာဖွေဖန်တီးရပါမည်။ ၎င်းတို့မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အောက်ခြေမျဥ်းကို အလေးပေး ထိန်းသိမ်းကာကွယ်ရမည်ဖြစ်သည်။

စည်လုံးညီညွတ်ခြင်းကို အာရုံစိုက် တွန်းအားပေးရမည်ဖြစ်သည်။ လူမျိုးအသီးသီး စည်းလုံးညီညွတ်စွာ နေထိုင်ခြင်း ရှေ့တန်းရောက်စံပြရပ်ကွက်အား တည်ဆောက်ခြင်းကို အရည်အသွေးမြင့် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ဒီမိုကရေစီဖြစ်စဥ်တစ်ခုလုံးအပါအဝင် စစ်မှန်သောဒီမိုကရေစီကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည်။ ခေတ်သစ်ကာလတွင် အဖွဲ့အစည်းအသီးသီး၊ လူတိုင်းက တူညီသောပန်းတိုင် ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန်းအားပေးရမည်။ ထို့ပြင်၊ ယူနန်၏တရားဥပဒေဆိုင်ရာစနစ်တည်ဆောက်ခြင်းကို ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက်ရမည်။ ၎င်းတို့မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအင်အားအသီးသီးကို စုစည်းရန် ဆောင်ရွက်ရမည်ဖြစ်သည်။


 

“၃၈၁၅”မဟာဗျူဟာဖြင့် ယူနန်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံကို ဒီဇိုင်းရေးဆွဲ