တရုတ်နှင့် အာရပ်နိုင်ငံများ အကြား ရိုးသားဖြူစင်မှု၊ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုများကို အမြဲတစေ ထားရှိ

2022-12-08 18:59:23
အရင်းအမြစ်:CRI

ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မဖွင့်လှစ်ခင်က အနောက်နိုင်ငံများမှ နိုင်ငံရေး အင်အား အချို့သည် “လူ့အခွင့်အရေး”ကို အကြောင်းပြုပြီး “သံတမန်ရေး သပိတ်မှောက်မှု” ဆိုသည်ကို ကြော်ငြာထားသည်။ တရုတ်ပြည်သည် ကာတာကို နိုင်ငံရေး အရ ခိုင်မာပြတ်သားစွာ အားပေးထောက်ခံပြီး နည်းလမ်းမျိုးစုံဖြင့် ကာတာအား ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပရန် ထောက်ခံကာ အားကစားကို နိုင်ငံရေး ကိစ္စ အဖြစ် သဘောထားခြင်းအား ပြတ်သားစွာ ဆန့်ကျင်သည်။

တရုတ်နှင့် အာရပ်နိုင်ငံများ အကြား နိုင်ငံရေး အရ အပြန်အလှန် အားပေး ထောက်ခံမှုများကို အမြဲတစေ ထားရှိသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလက ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်သည် မူလ အစီအစဉ် အတိုင်း ကျင်းပခဲ့သည်။ နိုင်ငံ အနည်းစုက ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲကို သပိတ်မှောက်သည်ဟု အော်ဟစ်သည်။ အီဂျစ်၊ အာရပ်စော်ဘွားများ နိုင်ငံနှင့် ကာတာ စသည့် နိုင်ငံများမှ ခေါင်းဆောင်များသည် တရုတ်ပြည်သို့ လာရောက်ပြီး ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လက်တွေ့ဆောင်ရွက်မှုဖြင့် တရုတ်ပြည်ကို အားပေးထောက်ခံသည်။ ၂၀၂၂ခုနှစ် သြဂုတ်လက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပယ်လိုစီ၏ တရုတ်ပြည် ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းနှင့် ပတ်သက်၍ အာရပ်နိုင်ငံ ၂၂နိုင်ငံစလုံးက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ထပ်လောင်းဖော်ပြပြီး ယင်း၂၂နိုင်ငံ အနက် ၁၈နိုင်ငံမှ အစိုးရများက ကြေညာချက်များ ထုတ်ပြန်ပြီး တရုတ်ပြည်ကို အားပေးထောက်ခံကြောင်း ဖော်ပြသည်။

လက်ရှိအထိ တရုတ်ပြည်သည် အာရပ်နိုင်ငံ ၁၂နိုင်ငံ၊ အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့နှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု(သို့) ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ထားရှိခဲ့ကြောင်း၊ တရုတ်ပြည်သည် အာရပ်နိုင်ငံ ၂၀၊ အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့နှင့် Belt and Road အတူ တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

လက်ရှိတွင် အီဂျစ်နိုင်ငံ၏ “၂၀၃၅ အထွေထွေ ရေရှည်တည်ရှိနိုင်သော စွမ်းအင် မဟာဗျူဟာ”၊ ဆော်ဒီအာရေဗျ နိုင်ငံ၏ “၂၀၃၀ အမြော်အမြင်” ကာတာနိုင်ငံ၏ “၂၀၃၀ နိုင်ငံတော် အမြော်အမြင်” စသည့် အာရပ်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများသည် တရုတ်ပြည်၏ Belt and Road အဆိုပြုချက်နှင့် နက်ရှိုင်းစွာ ချိတ်ဆက်နေသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဧပြီလ အထိ အမေရိကန် Princeton တက္ကသိုလ်မှ အီရတ်၊ ဂျော်ဒန်နှင့် လက်ဘနွမ် စသည့် အာရပ်နိုင်ငံ ၉ နိုင်ငံတွင် ပြုလုပ်သည့်

ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူမှုများအရ တရုတ်ပြည် အပေါ် အာရပ်နိုင်ငံများမှ ပြည်သူများ၏ နှစ်သက်သည့် သဘောထားရှိမှုနှုန်းသည် အမေရိကန် အပေါ် နှစ်သက်သည့် သဘောထားရှိမှုနှုန်းထက် ပိုမြင့်ကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ သွားရောက်ပြီး ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးများအစည်းအဝေး၊ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ထိပ်သီးများအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်သည်။ ယင်းသည် တရုတ်နှင့် အာရပ်နိုင်ငံများ အကြား ပေါင်းသင်းဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလိမ့်မည်။ လူအများသည် တရုတ်-အရပ်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ရောက်ရှိရန် မျှော်လင့်ချက် အပြည့်အဝ ထားရှိကြသည်။ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ အတွက် ပိုမိုများပြားသည့် မျှော်လင့်ချက်များကို ဖော်ဆောင်ပေးမည်မှာ မုချမလွဲ ဖြစ်သည်။
 

တရုတ်နှင့် အာရပ်နိုင်ငံများ အကြား ရိုးသားဖြူစင်မှု၊ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုများကို အမြဲတစေ ထားရှိ