လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကို အမြဲ သတိနှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ်က ပြောကြား

2022-12-22 22:36:44
အရင်းအမြစ်:新华社

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကိုယ်စားလှယ်များက ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်နေသည်ကို ဒီဇင်ဘာ ၂၁ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

 

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကို အမြဲ သတိနှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီ၏မြန်မာနိုင်ငံအရေးဆုံးဖြတ်ချက်အပြီး ရှင်းလင်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မကြာသေးမီက မဲခွဲဆုံးဖြတ်မှု မူကြမ်းကို တရုတ်နိုင်ငံက အထူးဂရုပြုလျက်ရှိကြောင်း ၊ အသွင်အပြင်အရ လက်ရှိအခြေအနေတွင် လုံခြုံရေးကောင်စီက ဥက္ကဋ္ဌကြေညာချက်ကို အတည်ပြုခြင်းသည် ပို၍သင့်လျော်မှုရှိကြောင်း၊ မူကြမ်းအကြောင်းအရာအရ ဆိုလျှင် ပြင်ဆင်မှုများပြုလုပ်ထားသော်လည်း ဟန်ချက်ညီမှုမရှိသေးခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် မဲမပေးခဲ့ခြင်းဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအရေးသည် အလျင်အမြန် ထိရောက်စွာ ဖြေရှင်းနိုင်သည့်နည်းလမ်း မရှိသကဲ့သို့ ပြင်ပဖြေရှင်းရေးနည်းလမ်းလည်း မရှိပါကြောင်း ၊ ဒီမိုကရေစီ အသွင်ပြောင်းရေး သော်လည်းကောင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသော်လည်းကောင်း အချိန် ၊ စိတ်ရှည်မှုနှင့်လက်တွေ့ကျမှုများ လိုအပ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို တွန်းအားပေးသော မှန်ကန်သည့်ဦးတည်ချက်ကို ကိုင်ဆောင်၍ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေပိုင်နက်တစ်သားတည်းပြည့်စုံမှုအပေါ် လေးစားမှုအား အခြေခံကာ မြန်မာနိုင်ငံ သက်ဆိုင်ရာအသီးသီး၏ ဆင်ခြင်တုံတရားရှိစွာ တွေ့ဆုံဆွေးနွေးမှု၊ ကွဲလွဲမှုများကို ပေါင်းကူးပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်သင့်ပါကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံအရေးဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ထူးခြားသော အားသာချက်များ ရှိကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဆီယံ၏သဘောထားကို နားဆင်ကာ အာဆီယံပုံစံကို ဆက်လက် လေးစားပြီး အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့်ဦးဆောင်မှုနေရာကို အားပေးထောက်ခံ၍ အာဆီယံ၏ သဘောထား ၊ အာဆီယံ၏ အခန်းကဏ္ဍအတွက် လိုအပ်သည့် အချိန်နှင့်အခြေအနေများကို ဖန်တီးမှုပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏လုပ်ဆောင်ချက်များက အမြဲ သတိထားရှိရမည် ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီကိုသုံး၍ ဖိအားပေးမှုနှင့် ခြိမ်းခြောက်ပိတ်ဆို့မှုများကိုသာ ဆောင်ရွက်ခြင်းက ပဋိပက္ခထိပ်တိုက်ရင်ဆိုင်မှုများကို ပို၍ ပြင်းထန်စေ၊ အခြေအနေများကို ပို၍ရှုပ်ထွေးစေ၊ အကျပ်အတည်းကာလကို ပို၍ ရှည်လျားစေမည်သာ ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီက လစ်ဗျားအရေးစသည့်အရေးကိစ္စများကို ဖြေရှင်းရာတွင် နက်ရှိုင်းသော သင်ခန်းစာ ရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်းဆက်စပ်နေရာ မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ကြည်ရေးမူဝါဒက မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူပါကြောင်း ကျန်းကျွင်းကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေး၊ လူမှုရေးတည်ငြိမ်မှု၊ ပြည်သူများစိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နေထိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက စေတနာအမှန်ဖြင့် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် တရားမျှတစွာဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းကြိုးပမ်းခဲ့သကဲ့သို့ မြန်မာနိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေး၊ ပြည်သူ့ဘဝနေထိုင်မှုကောင်းမွန်ရေးတို့တွင် တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ခဲ့ပါကြောင်း ၊ လုံခြုံရေးကောင်စီက နိုင်ငံရေးဖြေရှင်းမှု၏ မှန်ကန်သော ဦးတည်ချက်ကို လက်ကိုင်ထားကာ မြန်မာပြည်သူများ၏အခြေခံအကျိုးစီပွားနှင့် ဒေသတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို အကျိုးဆောင်ကြဉ်းပေးရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကို အမြဲ သတိနှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ်က ပြောကြား