ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်။ ။ တရုတ်မနောပွဲတော် မွေးရပ်မြေတွင် လူပေါင်းသောင်းနှင့်ချီ အတူဖျော်ဖြေကြသောမြင်ကွင်းမှာ အံ့သြတုန်လှုပ်စရာဖြစ်ခဲ့

2022-03-04 17:45:43 |သတင်းအရင်းအမြစ် 德宏州委宣传部

နှစ်စဥ်နှစ်တိုင်း တရုတ်သက္ကရာဇ် နှစ်ဆန်း ၁၅ ရက်၊ ၁၆ ရက်နေ့တွင် ဂျိမ်းဖောတိုင်းရင်းသား လူမျိုးတို့၏ မနောပွဲတော်ဖြစ်ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲမှ ဂျိမ်းဖောတိုင်းရင်းသားလူမျိုးတို့သည် သစ်သားဗုံနှင့် ကြေးစည်များ တီးမှုတ်ခြင်းနှင့်အတူ စည်းချက်အလိုက် လူပေါင်းသောင်းနှင့်ချီတို့သည် အတူတကွ ကပြဖျော်ဖြေကြပါသည်။ မင်္ဂလာကျက်သရေအပေါင်းနှင့်ပြည့်စုံပြီး ချမ်းမြေ့သာယာဝပြောစေရန် ဆုမွန်ကောင်းတောင်းကြပါသည်။

လုံချွမ်ခရိုင်တွင် ဂျိမ်းဖော၊ တိုင်၊ အာချမ်း၊ လီဆူ၊ တယ်အောင်စသည့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ကြပါသည်။ အဆိုပါဒေသတွင် နယ်စပ်ဒေသမြို့ပြ၏ ဓလေ့ထုံးစံများ ခံစားနိုင်သကဲ့သို့ တရုတ်အမျိုးသားဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်၏ ဆွဲဆောင်မှုကိုလည်း ထိတွေ့နိုင်ကာ ဤနေရာတွင် အမြစ်တွယ်နေသော ရောင်စုံယဥ်ကျေးမှုကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသည်။ ၂၀၀၆ ခုနှစ်တွင် “မနောအက”အား တရုတ်နိုင်ငံ၏ ပထမအသုတ် အမျိုးသားဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။

( အရင်းအမြစ်၊ တယ်ဟုန်ပြည်နယ်ခွဲပြန်ကြားရေးဌာန။ ဘာသာပြန်၊ Yunnan gateway)