Qingming မြက် ၏ စားပုံစားနည်းများ

2022-04-08 19:06:04 |သတင်းအရင်းအမြစ် 新华网

Qingming ဆိုသည်မှာ တရုတ်နိုင်ငံ၏ ၂၄ ရာသီစက်များအနက် တစ်ခုဖြစ်ပြီး တရုတ်ရိုးရာယဥ်ကျေးမှုတွင် သင်္ချိုင်းကန်တော့ပွဲလည်းဖြစ်သည်။ Qingming ရာသီစက်ရှေ့နောက်ကာလတွင် ရုက္ခပင်များ ရှင်သန်စွာ ကြီးထွားလျက်ရှိသည်။ တရုတ်နေရာအများအပြားအနေဖြင့် Qingming မြက် ဆွတ်ခူးသော ရာသီချိန်လည်း ရောက်ရှိနေပြီ ဖြစ်သည်။ ယူနန်ပြည်နယ် ရှီးထျိန်ခရိုင်တွင် Qingming မြက်ကို ဒေသခံများက ပန်းဝါဟု ခေါ်ဝေါ်သည်။ အစိမ်းဖျော့ဖျော့အရွက်ရိုးတံများတွင် အဖြူရောင် အမွေးနုများ ဖုံးလွှမ်းနေပြီး အပင်၏ ထိပ်စွန်းတွင် အဝါရောင်ပန်းများ ပွင့်နေသည်။ တောင်စောင်းကို သွားပြီး ဆွတ်ခူးကာ သန့်ရှင်းစွာ ဆေးကြောပြီးနောက် မုန့်၊ အသားတို့နှင့်အတူ သုတ်ပြီး ပန်းဝါမုန့်၊ Qingming အသားလုံးများကို ချက်ပြုတ်နိုင်သည်။ လက်ဖက်အဖြစ် ရေနွေးကြမ်းဖျော်ခြင်းဖြစ်စေ၊ ကြက်သားနှင့် ပြုတ်စားခြင်းဖြစ်စေ ထူးခြားသော ရာသီချိန်စားကောင်းသောက်ဖွယ်များ ချက်ပြုတ်နိုင်သည်။


(အရင်းအမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)