တယ်ဟုန်ပြည်နယ်ခွဲ ၂၀၂၂ ခုနှစ် “တစ်မြစ်တည်းရေ တူစုံသောက်သုံး”ဖလှယ်ရေးလှုပ်ရှားမှု စတင်ခဲ့ပြီး လှုပ်ရှားမှု ၃၀ ဆက်တိုက် ပြုလုပ်မည်

2022-04-11 18:55:52 |သတင်းအရင်းအမြစ် 德宏州委宣传部

တရုတ်-မြန်မာ နှစ်နိုင်ငံတောတောင်ရေမြေ ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းပါသည်။ ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် “တစ်မြစ်တည်းရေ တူစုံသောက်သုံး”ဟူသော အဓိကခေါင်းစဥ်ဖြင့် တယ်ဟုန်တွင် သီဆိုခြင်း၊ တယ်ဟုန်၏ အလှတရား၊ တယ်ဟုန်၏ ချစ်ခြင်းမေတ္တာ စသည့် ကဏ္ဍသုံးခုမှတစ်ဆင့် လှုပ်ရှားမှု ၃၀ ခုအား စီစဥ်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဧပြီလ ၁၀ ရက်နေ့တွင် #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း အားလုံးအတူ သီဆိုကြပါစို့

၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲ စတင်လိုက်သည်နှင့်အတူ တယ်ဟုန်ပြည်နယ်ခွဲ ၂၀၂၂ ခုနှစ် “တစ်မြစ်တည်းရေ တူစုံသောက်သုံး”ဖလှယ်ရေးလှုပ်ရှားမှုကို တရားဝင် စတင်လိုက်ပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ ၂၀၂၂ ခုနှစ် “တစ်မြစ်တည်းရေ တူစုံသောက်သုံး”ဖလှယ်ရေးလှုပ်ရှားမှုမှာ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာနနှင့် တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အင်တာနက်နှင့် သတင်းအချက်အလက်ရုံးတို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုများကို အွန်လိုင်းနှင့်အော့ဖ်လိုင်း ပေါင်းစပ်သည့်နည်းလမ်းဖြင့် တစ်နှစ်ပတ်လုံးကျင်းပသွားမည်ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုများတွင် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ TikTok သီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ၊ တရုတ်-မြန်မာ မှတ်တမ်းရုပ်ရှင်ပြပွဲ၊ အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ နိုင်ငံဖြတ်ကျော် စက်ဘီးစီးပြိုင်ပွဲ၊ COP15 နှင့် စပ်လျဥ်းသော မိတ်ဆက်ပွဲ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးမှတ်တမ်း၊ တရုတ်-မြန်မာ မီဒီယာအွန်လိုင်းဖလှယ်ရေးလှုပ်ရှားမှု၊ ပိုးလမ်းမအလင်းရောင် အပြည်ပြည်ဆိုင်ရာ ဗီဒီယိုတို တယ်ဟုန်ပြပွဲနှင့် တရုတ်-မြန်မာ သဘာဝပတ်ဝန်းကျင် နယ်စပ်ဖြတ်ကျော်ဖလှယ်ရေးလှုပ်ရှားမှု စသဖြင့် ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

( အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)