အဖွားသည် ဂျုံအရုပ်ပြုလုပ်ခြင်းမှတစ်ဆင့် ရောင်စုံလှပသောကမ္ဘာကို ဖန်တီး

2022-04-26 20:25:45 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယားမှ မစ္စ Xue Zinu အား “ဂျုံရုပ်ဖွားဖွား” ဟု ချီးကျူးခေါ်ဝေါ်ကြသည်။ အဖွား Xue Zinu သည် ယခုနှစ်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ဂျုံဖြင့် အရုပ်များပြုလုပ်လာသည်မှာ နှစ် ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဂျုံအရုပ်ပြုလုပ်ခြင်းသည် လက်နှင့်အခြားသော သာမန်ရိုးရှင်းသော ကိရိယာများဖြင့် ဂျုံအရုပ်အမျိုးမျိုးပြုလုပ်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းပြီးနောက် ရောင်စုံဆေးဆိုးသော ပညာတစ်မျိုးဖြစ်သည်။ အဖွား Xue Zinu သည် အသက် ၁၄ နှစ်မှ စတင်ပြီး ဂျုံအရုပ်ပြုလုပ်ခြင်းကို သင်ကြားခဲ့ကာ ယခုအချိန်တွင် မိမိ၏ ထူးခြားချက်လက္ခဏာပါသော ဂျုံအရုပ်ပုံစံမျိုးစုံကိုပြုလုပ်နေသည်။ လက်ရှိတွင် သူမသည် ဂျုံဖြင့်အရုပ်လုပ်ခြင်းပညာကို လက်ဆင့်ကမ်းဆက်ခံနိုင်ရန် ကလေးများအား သင်ကြားပေးလျက်ရှိပါသည်။


( အရင်းအမြစ်၊ Xinhua, ဘာသာပြန်၊ Yunnan gateway)