Vienna ကုလသမဂ္ဂအဖွဲ့၏ တရုတ်ဘာသာနေ့တွင် ရောင်စုံလှပသောယူနန်၏ ဆွဲဆောင်မှုကို ခံစား

2022-05-11 17:33:33 |သတင်းအရင်းအမြစ် 中新网

 

မေလ ၉ ရက်နေ့ တရုတ်ပေကျင်းစံတော်ချိန် ၁၆း၀၀ နာရီတွင် ၂၀၂၂ ခုနှစ် “ရောင်စုံယူနန်၊ ကမ္ဘာနှင့်အတူမျှဝေခံစား”အဓိကခေါင်းစဥ်ဖြင့် Vienna ကုလသမဂ္ဂအဖွဲ့ တရုတ်ဘာသာနေ့ အစီအစဥ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။ ကမ္ဘာ့တစ်ဝန်းမှ ပရိသတ်များသည် အွန်လိုင်းမှတစ်ဆင့် ၎င်းဖွင့်ပွဲအခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ ကြပြီး ယူနန်ပြည်နယ်၏ ရှည်လျားသော သမိုင်းရာဇဝင်၊ ကြွယ်ဝသော တိုင်းရင်းသားယဥ်ကျေးမှု၊ ပေါကြွယ်သော ဇီဝမျိုးစုံမျိုးကွဲနှင့် ပွင့်လင်းသဘောထားကြီးမှုတို့ကို ကြည့်ရှုခံစားခဲ့ကြသည်။


(အရင်းအမြစ်၊ China News၊ ဘာသာပြန်၊ Yunnan gateway)