စက္ကူဖြတ်ကာတွန်းသည် နန်ယန်းနိုင်ငံရပ်ခြားရောက် တရုတ် ယာဉ်မောင်းနှင့် စက်ပြင်ဆရာတို့၏ သူရဲကောင်းဆန်သော အကြောင်းများ ပြန်လည်တင်ဆက်

2022-05-18 20:13:23 |သတင်းအရင်းအမြစ် 德宏职业学院

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန်အသက်မွေးဝမ်းကျောင်းမှ ဆရာ၊ ဆရာမနှင့်ကျောင်းသူ ကျောင်းသားများသည် စက္ကူဖြတ်ကာတွန်းမှတစ်ဆင့် နန်ယန်းနိုင်ငံရပ်ခြားရောက် တရုတ် ယာဥ်မောင်းနှင့် စက်ပြင်ဆရာတို့၏ သူရဲကောင်းဆန်သောအကြောင်းများအား တင်ဆက်ခဲ့ပါသည်။

၁၉၃၇ ခုနှစ်တွင် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံကို အလုံးစုံကျူးကျော်စစ် ဆင်နွှဲပြီး အဓိက ကမ်းရိုးတန်းဆိပ်ကမ်းများကို သိမ်းပိုက်ခဲ့သည်။ တျန်မြန်(တရုတ်ယူနန်-မြန်မာ)ကားလမ်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြားမှ ထောက်ပံ့မှုပစ္စည်းများကို သယ်ယူပို့ဆောင်သော အရေးပါသည့် "အသက် သွေးကြော" ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ထိုစဉ်က တရုတ်ပြည်တွင်းတွင် ယာဥ်မောင်းနှင့် စက်ပြင်ဆရာများမှာ အလွန် ရှားပါးလှပါသည်။ နိုင်ငံတော်နှင့် အမျိုးသားတို့ အကျပ်အတည်း ကြုံတွေ့နေချိန်တွင် ချန်ကျားကိန်မှ ကိုယ်စားပြုသော နန်ယန်းနိုင်ငံရပ်ခြားရောက် တရုတ် ယာဥ်မောင်းနှင့် စက်ပြင်ဆရာ ၃၂၀၀ ကျော်သည် အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ တရုတ်နိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်ကာ ၁၁၄၆ ကီလိုမီတာရှည်လျားသော တျန်မြန်(တရုတ်ယူနန်-မြန်မာ) ကားလမ်း၌ ထောက်ပံ့မှုပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခဲ့ကြသည်မှာ တရုတ်နိုင်ငံ၏ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲတို့၌ ကြီးမားသော ပံ့ပိုးကူညီမှုများ ဖြစ်စေခဲ့သည်။

(အရင်းအမြစ် - တယ်ဟုန်အသက်မွေးဝမ်းကျောင်း။ ဘာသာပြန် - Yunnan gateway)