တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန် မန်မိုင်လမ်းကြောင်း၏ ပျမ်းမျှကုန်သွယ်မှုပမာဏမှာ နေ့စဉ် ၂၅၆ % တိုးမြှင့်လာ

2022-05-24 19:59:40 |သတင်းအရင်းအမြစ် 人民网云南频道

မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မြန်မာဘက်မှ မတ်ပဲများ အပြည့်တင်ထားသော ကုန်တင်ကားတစ်စီးသည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် အကောက်ခွန်ရှင်းလင်းခဲ့ပါသည်။ အဆိုပါလမ်းကြောင်းသည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပြန်လည် စတင်ချိန်မှစပြီး ပထမဆုံး ဖြတ်ကျော် အကောက်ခွန်ရှင်းလင်းခဲ့သည့် မြန်မာဘက်မှ ကုန်တင်ကား ဖြစ်ကြောင်း သိရပါသည်။

အဆိုပါလမ်းကြောင်းသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပြန်လည်စတင်ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလိုအပ်ချက်အရ မြန်မာဘက်မှ ကုန်တင်ကားများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်မှု ယာယီ ရပ်ဆိုင်းထားပြီး ကုန်စည်များ ပြည်မဝင်ရောက်မီ တရုတ်ဘက်က ကုန်ကားဆီသို့ ပြောင်းရွှေ့ပြီး သယ်ယူပို့ဆောင်ရန် လိုအပ်ကြောင်း၊ လတ်တလောရက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ တည်ငြိမ်လျက်ရှိနေသည့်အတွက်ကြောင့် အဆင့်ဆင့်သို့လျှောက်လွှာတင်သကဲ့သို့ အဆင့်အလိုက် အကဲဖြတ်ကာ မြန်မာဘက်မှ ကုန်တင်ကားများအား တိုက်ရိုက်ပြည်ဝင်နိုင်ရန် ခွင့်ပြုလိုက်ကြောင်း၊ သို့သော်“ကားဝင်လူမဝင်”မူဝါဒကို ဆက်လက် ကျင့်သုံးလျက်ရှိကြောင်း ဝမ်တိန်နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး တွမ်ရှင်းဟိုင်က မိတ်ဆက်ခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် မြှင့်တင်စေရန် မန်မိုင်လမ်းကြောင်းသည် မေလအစပိုင်း ကာလတွင် “ကွန်တိန်နာ ပို့ဆောင်ရာနေရာသို့ မရွေ့လျားဘဲ ပို့ဆောင်ခြင်း ”နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးပုံစံကို စမ်းသပ်ကျင့်သုံးခဲ့ပါသည်။ အဆိုပါပို့ဆောင်ရေးပုံစံ ဆိုလိုသည်မှာ တရုတ်ကွန်တိန်နာ ကားများသည် မြန်မာဘက်သို့ ကုန်စည်များ တင်ဆောင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကောင်းမွန်စွာ ကာကွယ်ထိန်းချုပ်ပြီးမှသာ ကွန်တိန်နာကို မရွေ့လျားဘဲ အကောက်ခွန်ရှင်းလင်းရေးနှင့် သယ်ယူပို့ဆောင်ရေး စသည်တို့အား တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ “အခုလက်ရှိမှာ တရုတ်ကွန်တိန်နာကား ငါးစီးဟာ မြန်မာနိုင်ငံသို့ ကုန်စည်တင်ဆောင်လျက်ရှိနေပါပြီ”ဟု တွမ်ရှင်းဟိုင်က ပြောကြားပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ကြံရိတ်သိမ်းရာသီဖြစ်သည်နှင့်အညီ မေလ လလယ်ပိုင်းတွင် မန်မိုင်လမ်းကြောင်းသည် ကြံတင်သွင်းမှုအတွက် ကရိန်းကားဖြင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးပုံစံကို ကျင့်သုံးခဲ့ပါသည်။ ၎င်းပို့ဆောင်ရေးပုံစံ ဆိုသည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကောင်းမွန်စွာ ကာကွယ် ထိန်းချုပ်ရာတွင် မြန်မာဘက်က ကရိန်းကားဖြင့် ကြံများအား နယ်စပ်ဒေသရှိ နောက်တစ်ဖက်တွင် တရုတ်ဘက်မှ ကုန်တင်ကား၌ တင်ဆောင်ကာ သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

အလုပ်တွင်ကျယ်မှု မြှင့်တင်သည့်အပြင် ကုန်သွယ်မှုပမာဏကို တိုးမြှင့်ရန် မည်ကဲ့သို့ ဖြစ်မြောက်နိုင်မည်နည်း။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ မန်မိုင်လမ်းကြောင်းသည် ယခင်က သွင်းကုန်ပို့ကုန်၏ “တန်ဖိုးနိမ့် အတိုင်းအတာကြီးမား”မှ “တန်ဖိုးမြင့် အတိုင်းအတာနည်း”သို့ ပြောင်းရွှေ့ခဲ့ပါသည်။ “ဒီနှစ်ကစပြီး မန်မိုင်လမ်းကြောင်းကတစ်ဆင့် တင်သွင်းတဲ့ အဓိကကုန်စည်တွေက ဖရဲသီး၊ မတ်ပဲ၊ ပဲနီ၊ ပြောင်း၊ ဆန်၊ နှမ်း၊ သရက်သီးအစရှိတဲ့ လယ်ယာထွက်ကုန်တွေ ဖြစ်ပါတယ်။ အဓိကပို့ကုန်တွေဟာ နေ့စဥ်သုံးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဥ်ပစ္စည်းစတဲ့ တန်ဖိုးမြင့်တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်”ဟု တွမ်ရှင်းဟိုင်က ပြောကြားပါသည်။ ထို့ကြောင့်၊ သွင်းကုန် ပို့ကုန် ကုန်စည်ပို့ဆောင်မှု အလုံးစုံ ကျဆင်းမှု အခြေအနေတွင် သွင်းကုန်နှင့် ပို့ကုန် ကုန်သွယ်မှု ပမာဏမှာ တစ်ကျော့ပြန် မြင့်တက်လာသည်ကို တွေ့ရပါသည်။

နောက်ဆုံးထုတ်ပြန်သည့် စာရင်းဇယားအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မန်မိုင် လမ်းကြောင်းသည် သွင်းကုန်ပို့ကုန် သယ်ယူပို့ဆောင်ရေးပမာဏမှာ တန်ချိန် ၂၇၆,၄၀၀ ရှိပြီး နေ့စဉ် သွင်းကုန်ပို့ကုန် သယ်ယူပို့ဆောင်ေရးပျမ်းမျှပမာဏမှာ တန်ချိန် ၂၆၀၈ ရှိကြောင်း၊ သွင်းကုန်ပို့ကုန်၏ ကုန်သွယ်မှုငွေပမာဏမှာ တရုတ်ယွမ် ၁.၇၉၂ ဘီလီယံ ရှိပြီး နေ့စဉ် ကုန်သွယ်မှုငွေပမာဏမှာ တရုတ်ယွမ် ၁၆.၉၁ သန်း ရှိကာ ၂၀၁၉ ခုနှစ်က နေ့စဉ် ကုန်သွယ်မှုငွေပမာဏထက် ၂၅၆ % တိုးမြှင့်လာကြောင်း သိရပါသည်။

(အရင်းအမြစ် - en.people.cn(ယူနန်ချန်နယ်) ။ ဘာသာပြန် - Yunnan gateway)