ယခုနှစ် “မေလ(၁)ရက်”ရုံးပိတ်ရက်ကာလ၌ တရုတ်နိုင်ငံတွင် ကမ်ပိန်းခရီးသွားများ ရေပန်းစားခဲ့

2022-05-06 18:58:59
အရင်းအမြစ်:中新网

တရုတ်တစ်နိုင်ငံလုံး နေရာတော်တော်များများတွင် ကိုဗစ်ရောဂါပြန့်ပွားမှုဖြစ်ပေါ်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ယခုနှစ် “မေလ(၁)ရက်” ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလာမှု နည်းပါးခဲ့ပါသည်။ တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ “မေလ(၁)ရက်”ရုံးပိတ်ရက်(၅)ရက်အတွင်း တစ်နိုင်ငံလုံးရှိ ပြည်တွင်းခရီးသွားလူဦးရေသည် သန်းပေါင်း(၁၆၀)ရှိပြီး ကာလတူနှင့်နှိုင်းယှဉ်ရာ (၃၀.၂%)လျော့နည်းခဲ့ကြောင်း သိရပါသည်။ ကပ်ရောဂါမဖြစ်ပွားမီ ကာလတူနှင့် နှိုင်းယှဉ်ပါက(၆၆.၈%)အထိ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ပြည်တွင်းခရီးသွားဝင်ငွေ ယွမ်(၆၄၆၈၀)သန်း ရရှိခဲ့ပြီး ကာလတူနှင့်နှိုင်းယှဉ်ရာ (၄၂.၉%) ‌လျော့နည်းခဲ့သည်။ ကပ်ရောဂါမဖြစ်ပွားမီအချိန် ကာလတူ၏(၄၄.၀%) ပြန်လည်ရောက်ရှိခဲ့ပါသည်။

“ရုံးပိတ်ရက်မှာ အားလုံးက tent ယာယီတဲထိုးပြီး အနားယူကြတယ်။ တစ်ချို့က tent ယာယီတဲထိုးမယ့် လမ်းပေါ်ရောက်နေကြပါတယ်” ဤရုံးပိတ်ရက်တွင် စခန်းချယာယီတဲထိုးအနားယူ ကမ်ပိန်း(camping)လုပ်ခြင်းသည် ရေပန်းစားခဲ့ပါသည်။ “ပန်းရှုစား+ကမ်ပိန်း” “RVကား+ကမ်ပိန်း” “လေဟာပြင်ဖျော်ဖြေပွဲ+ကမ်ပိန်း” “ခရီးသွားအလှဓာတ်ပုံရိုက်+ကမ်ပိန်း”အစရှိသော တမူထူးခြားသည့် ကမ်ပိန်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို ခရီးသွားပြည်သူများက အထူးကြိုက်နှစ်သက်ခဲ့ကြပါသည်။

အွန်လိုင်းခရီးသွားစင်မြင့်ကိန်းဂဏန်းများအရ ရုံးပိတ်ရက်ကာလအတွင်း ကမ်ပိန်းနှင့်သက်ဆိုင်သော ထုတ်ကုန်ပစ္စည်းများ၏ ကြိုတင်မှာယူမှုပမာဏသည် ယမန်နှစ်ထက် (၃)ဆရှိကြောင်း တွေ့ရပါသည်။ ကမ်ပိန်းပြုလုပ်နိုင်သော ပန်းခြံဝင်ကြေးရောင်းအားသည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက (၄)ဆထိ တိုးမြှင့်ခဲ့ပါသည်။ အချို့သော မြို့ကမ်ပိန်းစခန်းနေရာဘေးပတ်ဝန်းကျင်ရှိ ဟိုတယ်များ၏ ကြိုတင်မှာယူမှုပမာဏသည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက (၁.၅)ဆထိ တိုးမြှင့်ခဲ့ပါသည်။


(အရင်းအမြစ်၊ chinanews , ဘာသာပြန်၊ Yunnan gateway)

ယခုနှစ် “မေလ(၁)ရက်”ရုံးပိတ်ရက်ကာလ၌ တရုတ်နိုင်ငံတွင် ကမ်ပိန်းခရီးသွားများ ရေပန်းစားခဲ့