အလေးချိန် ၆၀ ကီလိုဂရမ်နိုင်သော စစ်ဆောင်ပန်းနား ဧရာမကြာပန်းရွက်ပေါ်တွင် ထိုင်ကြည့်ဖို့ ဖိတ်ခေါ်ပါသည်
ယခုရက်ပိုင်းတွင် တရုတ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီ စစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဥ်ရှိ ဧရာမကြာပန်းအရွက်များ ကြည့်ရှုရန်အကောင်းဆုံးအချိန်ဖြစ်ပြီး ကြာပန်းရွက်ကြီးတစ်ခုသည် ရေပေါ်မျှောနေသည့် ကျောက်စိမ်းပန်းကန်ပြားတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။
တရုတ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီ စစ်ဆောင်ပန်းနား အပူပိုင်းဒေသရုက္ခဗေဒယျာဥ်အတွင်း တစ်နှစ်တစ်ကြိမ် “ကျွန်တော့်ဧရာမကြာပန်းရွက် ကျွန်တော့်လှေဖြစ်” လက်တွေ့ခံစားခြင်းလှုပ်ရှားမှုကို ဇွန်လ ၁ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ယခုနှစ်တွင် ဧရာမကြာပန်းရွက်ကြီးသည် အထူးကြီးမားပြီး လွန်ခဲ့သောနှစ်က ကိုယ်လေးချိန် ကီလိုဂရမ် ၄၀ အောက်ကလေးသာ ခံနိုင်ရည်ရှိသော်လည်း ယခုနှစ်တွင် ကိုယ်လေးချိန် ၆၀ အောက်ရှိ လူကြီးများလည်း ခံနိုင်ရည်ရှိလာသည်ကို အထူးသတင်းပါးလိုပါသည်။ ပါဝင်သော ခရီးသည်များသည် “အရွက်ကြီးတစ်ရွက် လှေဖြစ်နိုင်”သော အပန်းဖြေပျော်ရွှင်မှုကို ခံစားနိုင်မည် ဖြစ်သည်။
(အရင်းအမြစ် - Xinhua ၊ ဘာသာပြန် - Yunnan gateway)