ကြောင်တိရစ္ဆာန်များအနက် အသွင်လှပသော clouded leopard ကျားသစ်
ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ထုံးဖီကွမ်ပြည်နယ်အဆင့် သဘာဝဘေးမဲ့ဇုန်အတွင်းတွင် အနီအောက်ရောင်ခြည်သုံး ကင်မရာဖြင့် clouded leopard ကျားသစ်၏ လှုပ်ရှားမှု ရောင်စုံဓာတ်ပုံများကို ဖမ်းယူရရှိခဲ့သည်။
Clouded leopard ကျားသစ်သည် တရုတ်နိုင်ငံ အမျိုးသားပထမအဆင့် အဓိကကာကွယ်ပေးထား သည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး “တရုတ်ကျောရိုးရှိသတ္တဝါများအနီရောင်စာရင်း”တွင် မျိုးသုဉ်းလုနီးပါး မျိုးစိတ်များအဖြစ် ထည့်သွင်းထားပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆.၄ သန်းကျော်က ၎င်းသည် ကမ္ဘာပေါ်တွင် ပေါ်ထွန်းရှင်သန်ခဲ့ပါသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ယူနန်ပြည်နယ်၏ တယ်ဟုန်ပြည်နယ်ခွဲ၊ ထိန်ချုံမြို့၊ လင်ချန်းမြို့၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲစသည့် နယ်စပ်ဒေသ တစ်လျှောက်တွင်သာ clouded leopard ကျားသစ်များ၏ လှုပ်ရှားမှုမြင်ကွင်းကို ရိုက်ကူးနိုင်ခဲ့ပါသည်။ ကျက်စားနေထိုင်သောဧရိယာအတိုင်းအတာမှာ အနည်းငယ်သာ ရှိပါသည်။
(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)