နှစ်ပေါင်းငါးရာ တယ်အောင်းတိုင်းရင်းသား ရေဗုံအကဖြင့် သမိုင်း၏ ပဲ့တင်သံကို နားဆင်

2022-06-10 19:50:47
အရင်းအမြစ်:德宏州委宣传部

တယ်အောင်းတိုင်းရင်းသားလူမျိုးသည် တရုတ်နိုင်ငံရှိ လူဦးရေအနည်းငယ်သာရှိသော တိုင်းရင်းသားလူမျိုး ဖြစ်ပြီး ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲအတွင်း၌ အဓိက နေထိုင်ကြပါသည်။ ယူနန်ပြည်နယ်ရှိ ပေါင်းစန်၊ လင်ချန်းစသည့် ဒေသများတွင်လည်း အနည်းငယ်ပျံ့နှံ့ နေထိုင်ကြပါသည်။ တရုတ်နိုင်ငံ၏ တယ်အောင်းတိုင်းရင်းသားသည် လူဦးရေ မများပြားသော်လည်း တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ရှေးဟောင်း တိုင်းရင်းသား ဖြစ်ပေသည်။ ၎င်း၏ သမိုင်းကြောင်းရှည်လျားပြီး ယဥ်ကျေးမှု ထွန်းကားဆန်းကြယ်ကာ လူနေမှုပုံစံကလည်း ထူးခြားပါသည်။

ယေဘုယျအားဖြင့် တယ်အောင်းတိုင်းရင်းသား ရေဗုံအကမှာ ‘ပန်းမန်ရေလောင်းပွဲတော်’ဟူသော နေ့ထူးနေ့မြတ်ဂုဏ်ပြုပွဲတော်လှုပ်ရှားမှုတွင် တင်ဆက်ဖျော်ဖြေလေ့ရှိပါသည်။ ဖျော်ဖြေရာတွင် ရေကို ဗုံထဲသို့ လောင်းထည့်လိုက်ကာ ဗုံသံသည် နက်နဲပြီး ဝေးကွာနေသည့်အတွက် တယ်အောင်းတိုင်းရင်းသား လူမျိုးတို့၏ ရှည်လျားသော ယဥ်ကျေးမှုမှာ သမိုင်းတွင် ပဲ့တင်သံများ ထွက်ပေါ်လာတော့ပါသည်။ ရေဗုံအကသည် တယ်အောင်းတိုင်းရင်းသားလူမျိုး၏ ‘မြင့်မြတ်သော ဓလေ့ထုံးစံနှင့် ပန်းမန်ရေလောင်းပွဲတော်’တွင် ရေဗုံအပေါ် ရိုသေလေးစားခြင်းကို ဖော်ပြကြပါသည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ‘ရေဗုံအက’သည် စတုတ္ထအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုပရောဂျက်စာရင်းတွင် ထည့်သွင်းခြင်း ခံရပါသည်။


(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

နှစ်ပေါင်းငါးရာ တယ်အောင်းတိုင်းရင်းသား ရေဗုံအကဖြင့် သမိုင်း၏ ပဲ့တင်သံကို နားဆင်