River Tern ငှက်သည် ငှက်ပေါက်ကလေးအား ကာကွယ်ရန် ရက်စက်ကြမ်းကြုတ်သောတိရစ္ဆာန်များအား တိုက်ခိုက်ခုခံခဲ့
ယခုရက်ပိုင်းတွင် ဓာတ်ပုံဆရာတစ်ဦးသည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင် ရင်ကျမ်းမြစ်မြစ်ဝှမ်းဒေသတွင် River Tern ငှက်တစ်ကောင်သည် ငှက်ပေါက်ကလေးအား ကာကွယ်ရန် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်ဖြစ်သည့် စွန်နက်ကြီးတစ်ကောင်အား တိုက်ခိုက်ခဲ့သည့်မြင်ကွင်းကို ရိုက်ကူးခဲ့ပါသည်။ အဆိုပါမြင်ကွင်းမှာ River Tern ငှက်တစ်ကောင်သည် မိမိနှင့်စာလျှင် အတောင်ပံနှစ်ဆနီးပါးရှိသော စွန်နက်ကြီးကို ဇွဲမလျှော့ပဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင် River Tern ငှက်သည် စွန်နက်ကြီးအား မောင်းထုတ်နိုင်ခဲ့ပါသည်။
လက်ရှိအချိန်သည် River Tern ငှက်တို့၏ အကောင်ပေါက်ချိန် ဖြစ်ပါသည်။ ယခုနှစ်တွင် ငှက်ပေါက်ကလေး တစ်ကောင် ရှိနေပြီဖြစ်ကြောင်း အဆိုပါ ဓာတ်ပုံဆရာက တွေ့မြင်ခဲ့ပါသည်။ River Tern ငှက်သည် ကျက်စားသည့်နယ်မြေအတွင်း ကာကွယ်လိုသောဆန္ဒ ပြင်းပြင်းထန်ထန် ရှိပါသည်။ အထူးသဖြင့် ငှက်ကလေးများပေါက်ဖွားခြင်းနှင့် မွေးမြူစဥ်တွင် ကျက်စားရာနေရာသို့ ဝင်ရောက်လာသည့် လူသားများအပါအဝင် အခြားသော ငှက် သို့မဟုတ် တိရစ္ဆာန်များမှာ နှင်ထုတ်ခြင်းခံရမည်ဖြစ်သည်။
(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)