【Hi Yuxi】မှိုထွက်ရှိချိန်ရောက်လာသဖြင့် မှိုဟင်းလျာများ မြည်းစမ်းရန်အတွက် ရီမိန်သို့ ကြွလှမ်းခဲ့ပါ
မိုးခြိမ်းသံများ တညံညံနှင့် မိုးများအကြိမ်ကြိမ်ရွာသွန်းပြီးသော ယူနန်အလယ်ပိုင်းရှိ ရေမြို့ဖြစ်သော ရီမိန်သည် စိမ်းလန်းစိုပြည်သောသစ်ပင်များထူထပ်သည့် နွေရာသီ၏အပူဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ သစ်ပင်များပေါကြွယ်ဝသည့် သစ်တောသည် သဘာဝမှိုများ အဓိကပေါက်ရောက်ရာအရပ်ဖြစ်ပေသည်။
ရီမိန်သည် ယူနန်ပြည်နယ်အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် တည်ရှိသည်။ အလယ်ပိုင်းအပူလျော့ပိုင်းရာသီဥတု၊ နေရောင်ခြည်ပြည့်ဝစွာရရှိသည့် နယ်မြေတွင်ပါဝင်သည်။ သစ်တောထဲတွင် သစ်ပင်များထူထပ်စွာဖြင့် စိမ်းလန်းစိုပြည်လျက်ရှိပြီး သဘာဝမှိုအရင်းအမြစ်များစွာ ပေါက်ဖွားရှင်သန်စေပါသည်။
ရီမိန်၏သဘာဝမှိုဟင်းလျာသည် ချက်ပြုတ်နည်းမျိုးစုံရှိသည်။ ကြော်၊ ချက်၊ ပေါင်း၊ ပြုတ်ခြင်း စသည့်ချက်ပြုတ်နည်းများအပြင် အစိမ်းစားခြင်း၊ နှပ်ခြင်း၊ ဟော့ပေါ့စသည့် စားနည်းမျိုးစုံဖြင့်လည်း သုံးဆောင်နိုင်သည်။ အရသာကောင်းများ စုစည်းနေပြီး လတ်ဆတ်ကာ ရနံ့မွှေးသဖြင့် စားသုံးသူတိုင်းအား စွဲလန်းစေသည်။ အမှတ်ရတိုင်း သွားရည်ကျစေပါသည်။
(သတင်းရင်းမြစ်၊ ယွီရှီးယဥ်ကျေးမှုနှင့်ခရီးသွားလာရေး၊ ဘာသာပြန်၊ Yunnan gateway)