"ပိုးလမ်းမရှေးဟောင်းမြို့နယ်-မန်ယွီ” all-for-one ခရီးသွားလာရေး ပရိုမိုးရှင်း ဗီဒီယို စတင်ရိုက်ကူး
ယခုရက်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ ရင်ကျန်းခရိုင်ပါတီ ကော်မတီပြန်ကြားရေးဌာန၊ လုံချွမ်းခရိုင်ပါတီကော်မတီပြန်ကြားရေးဌာန၊ မန်စီမြို့ပါတီကော်မတီ ပြန်ကြားရေးဌာန၊ တယ်ဟုန်မီဒီယာအဖွဲ့၊ တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့်ခရီးသွားညွှန်ကြားရေး ဌာနတို့ ပူးတွဲပြုလုပ်သော "ပိုးလမ်းမရှေးဟောင်းမြို့နယ်-မန်ယွီ” all-for-one ခရီးသွားလာရေး ပရိုမိုးရှင်း ဗီဒီယိုကို ရင်ကျန်းခရိုင် ထိုက်ဖိန်မြို့နယ်တွင် စတင်ရိုက်ကူးခဲ့ကြောင်း သိရပါသည်။
အဆိုပါပရိုမိုးရှင်းဗီဒီယိုတွင် တယ်ဟုန်မွန်ပါနရှီးသံစုံတီးဝိုင်း၊ လူငယ်အကအနုပညာရှင် စွန့်ယီယူနှင့် ကျိန့်လီဟုန်း၊ တိုင်တိုင်းရင်းသားအဆိုတော် ရန်ရှန်ရှင့်တို့၏ တင်ဆက်မှုများ ပါဝင်သည်။ မတူကွဲပြားသော အလုပ်အကိုင်၊ အသက်အရွယ်နှင့် အတွေ့အကြုံများ ပိုင်ဆိုင်သော လူတို့သည် မန်ယွီကို ဝင်ရောက်ခြင်း မှတစ်ဆင့် မန်ယွီ၏ သမိုင်းအကြောင်းအရာ၊ လူမှုဓလေ့ထုံးစံနှင့် စားကောင်းသောက်ဖွယ်စသည်တို့အား နစ်မျောမှုပုံစံလေ့လာခံစားကာ "ပိုးလမ်းမရှေးဟောင်းမြို့နယ်-မန်ယွီ”၏ အကြောင်းအရာများကို ကင်မရာဖြင့် ပြောဆိုသွားမည်ဖြစ်ပါသည်။
နောက်တစ်ဆင့်တွင် တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာနသည် Z· Art “စကြဝဠာ(Metaverse)”လှုပ်ရှားမှုနှင့် ပူးပေါင်းဆောင်ရွက်ကာ အဆိုပါပရိုမိုးရှင်းဗီဒီယိုကို ထပ်မံဖန်တီး တီထွင်မည်ဖြစ်ပါသည်။ VR၊ AR၊ XR နှင့် အခြားသော သိပ္ပံနည်းပညာတို့၏ စွမ်းဆောင်မှုဖြင့် ပြည်တွင်းနှင့် ပြည်ပခရီးသွားများသည် မန်ယွီရှေးဟောင်းမြို့နယ်၏ အဆုံးမရှိသော ဆွဲဆောင်မှုကို အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် တစ်ပြိုင်နက် တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် စကြဝဠာ(Metaverse)၌ စျေးဝယ်ပျော်ရွှင်မှုကို ခံစားနိုင်မည်ဖြစ်ပါသည်။
ဆက်စပ်ဖတ်ရှုရန်-
မန်ယွီမှာ မွန်ယွီဟု ယခင်က ခေါ်ဝေါ်ခဲ့ပါသည်။ ယူနန်ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသတွင် တည်ရှိပြီး ၎င်း၏ အနောက်ဘက်ဒေသသည် မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိနေပါသည်။ သမိုင်းတွင် ပိုးလမ်းမကြီး၏ အချက်အချာနေရာ ဖြစ်ခဲ့ပါသည်။ အဆိုပါမြို့နယ်လေးမှာ တောင်ပိုင်းပိုးလမ်းမကြီးပေါ်ရှိ မြို့နယ်လေးဖြစ်သကဲ့သို့ သမိုင်းကာလရှည်ဖြတ်သန်းလာသည်နှင့်အညီ ကြွယ်ဝပြီး လေးနက်သော သမိုင်းနှင့်ယဉ်ကျေးမှုကို စုဆောင်းလာခဲ့သည်။ နယ်စပ်ဒေသရှိ ရှေးဟောင်းပိုးလမ်းမတွင် မြင်းပို့ဆောင်ရေးအဖွဲ့မှ ခေါင်းလောင်းသံသည် တရုတ်၊ မြန်မာနှင့် အိန္ဒိယတို့၏ စီးပွားရေးသမိုင်းကို မှတ်တမ်းတင်ထားသည်။
(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)