【2022CITM】ယူနန်ရွှေစင်ခရီးသွားလမ်းကြောင်းတွင် check-in ကြစို့၊ လိကျန်းတွင် “စခန်းcampsite+”ဖြင့် တောတောင်များအကြား ဖျော်ဖြေအနားယူ

2022-07-19 17:57:26
အရင်းအမြစ်:云南日报

ဇူလိုင်လ(၁၂)ရက်နေ့မှ(၁၄)ရက်နေ့အထိ ၂၀၂၂ ခုနှစ်တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ သတင်း အင်တာဗျူး အဖွဲ့သည် လိကျန်းသို့ အလည်ရောက်ရှိခဲ့သည်။ အချိန်(၃)ရက်အတွင်း လိကျန်းယဉ်ကျေးမှု ခရီးသွားလာရေး ပေါင်းစပ်ကိစ္စရပ်အတွင်း၌ ကြိမ်နှုန်းမြင့်စကားလုံးသည် “စခန်း campsite+”ဖြစ်ပါသည်။ လိကျန်းတွင် campsite စခန်းချတာဝန်ရှိသူများက ခရီးသည်များ လိကျန်းတွင် တောတောင်ထဲသို့ ပြန်ရောက်စေရန် အစီအစဉ်များကို ပေါင်းထည့်ဖို့ ကြိုးစားနေကြသည်။

“တောရိုင်းတိုင်းပြည်”အဝပေါက်

Foliday နှင်းတောင်စခန်းတွင် အာမေကျဲသစ်ပင်ကိုရှုစား

“ဒီအပင်အရမ်းလှတာပဲ။” “အပင်နာမည်က အာမေကျဲပါ။ နာရှီးတိုင်းရင်းသားစကားဖြစ်တယ်။ အဓိပ္ပာယ်က မိခင်မွေးဖွားသည့်နေရာ ဖြစ်ပါတယ်။” ဇူလိုင်လ(၁၄)ရက်တွင် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ သတင်းအင်တာဗျူးအဖွဲ့သည် Foliday နှင်းတောင်စခန်းသို့ရောက်ရှိခဲ့သည်။ ကားပေါ်မှ ဆင်းပြီးနောက် ကျောက်လမ်းအတိုင်း ရှေ့သို့ဆက်လျှောက်ပါက အာမေကျဲသစ်ပင်ကို တွေ့မြင်နိုင်ပါသည်။

“တောရိုင်းတိုင်းပြည်”အတွင်းထူးခြားသောအိမ်ရာများ
နံနက်(၁၀)နာရီတွင် နေရောင်ခြည်သည် လင်းတောက်နေပြီး လေညင်းများ တိုက်ခတ်လာသည်။ က‌လေးငယ်များ ချိတ်ထားသော ဆုတောင်းကတ်များဆီက လေတိုက်ပြီးထွက်ပေါ်လာသော ဒင်းဒေါင်သံများသည် ယူလုံနှင်းတောင်သို့ လာရောက်သောလူများကို ကြိုဆိုနေကဲ့သို့ဖြစ်နေသည်။

“သူငယ်ချင်းက လိကျန်းမှာ စီးပွားရေးဆန်ပြီး လူလည်းများတာကြောင့် အလည်သွားဖို့ မကောင်းလို့ ကျွန်တော်ကို ပြောတယ်။ ဒါကြောင့် ကျွန်တော်လိကျမ်းကို မလာဖူးပါဘူး။ နောက်ပိုင်းမှာ Foliday နှင်းတောင်စခန်းကို တွေ့လိုက်တော့ စမ်းကြည့်မယ်ဆိုတဲ့စိတ်နဲ့ လာကြည့်လိုက်တယ်”ဟု သစ်ပင်အောက်တွင် ဝူဟန်မှခရီးသည် ဝေဝေအမ်းက သစ်ပင်ရှုခင်းကိုရှုစားပြီး လေညင်းခံကာပြောသည်။ “ဒီနေရာကြောင့် လိကျန်းအပေါ် အမြင်ပြောင်းခဲ့ပါတယ်။ စခန်းနေရာရှုခင်းက လှပတယ်။ အပင်၊ တိမ်တွေကလည်း လှတယ်။ ခံစားချက် အလွန်ကောင်းပါတယ်။ လိကျန်းကိုရောက်တာ ပထမရက်ပဲရှိပါသေးတယ်။ အလှတွေကို ထပ်ပြီးတွေ့မြင် ရဦးမှာပါ။”

“စခန်းနေရာက ဖူယိုချိန်. လိကျန်းမြေထဲပင်လယ်အပြည်ပြည်ဆိုင်ရာအပန်းဖြေဇုန်ထဲမှာ တည်ရှိပါတယ်။ ခရီးသည်တွေက သစ်ပင်အောက်မှာ ဆုတောင်းခြင်း၊ မင်္ဂလာပွဲကျင်းပခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ မြင်းစီးခြင်း၊ Frisbee ကစားခြင်း၊ ကယပ်လှေလှော်ခြင်းစတဲ့ အစီအစဉ်တွေကို ခံစားနိုင်ပါတယ်။ နေ့ခင်း လက်ဖက်ရည်၊ အကင် စတာတို့ဖြင့် ခရီးသည်များရွေးချယ်သုံးဆောင်နိုင်ပါတယ်။ အဲဒီနေရာထဲမှာ မြို့ပြဘဝနဲ့မတူတဲ့ ရာသီဥတုလေးပါးကို ခံစားနိုင်ပါတယ်။ စိုက်ပျိုးရေး၊ ကျေးရွာနဲ့သဘာဝကို ခံစားနိုင်တာနဲ့အတူ အရည်အသွေးမြင့်နေထိုင်မှုဘဝကိုလည်း ခံစားနိုင်ပါတယ်”ဟု ဖူယိုချိန်.Foliday နှင်းတောင်စခန်းမှ ဝန်ထမ်းကမိတ်ဆက်ခဲ့ပါသည်။

“တစ်ပတ်ပတ်ကြည့်တာ သစ်ပင်ကြီးကိုဘဲကြိုက်တယ်။” “ငါလည်းအတူတူပဲ။ အာမေကျဲကိုသွားကြည့် ကြစို့။” စခန်းထဲရှိဧည့်သည်များသည် သစ်ပင်နေရာသို့ အဆက်မပြတ်လျှောက်လှမ်းနေကြပါသည်။

ရှင်းထောပန်းစခန်းတွင် ကြယ်စင်များဖြင့်စောင့်ရှောက်နေသည်

“အခု အားလုံးတွေ့ရတာက ကျွန်တော်တို့ရဲ့ အမှတ်(၂)တံခါးကြီးဖြစ်ပါတယ်။ ရှင်းထောပန်းစခန်းသို့ ရောက်လာ ကြသူတွေ မိမိရဲ့ကြယ်စုကိုရှာပြီး ကြယ်စု(၁၂)စုအက္ခရာနဲ့ နွားခေါင်းလောင်း(၁၂)ခုနဲ့ဖွဲ့စည်းထားတဲ့ ‘ကြယ်စု ခေါင်းလောင်း’ကို တီးခတ်ဖို့ ကျွန်တော်အကြံပေးပါတယ်။ ” ဇူလိုင်လ(၁၂)ရက်တွင် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲသတင်းအင်တာဗျူးအဖွဲ့သည် လိကျန်းမြို့ ယူလုံခရိုင်ဝိမ်ပီတောင်ထဲတွင်ရှိသော ရှင်းထောပန်းစခန်းသို့ ရောက်ရှိခဲ့ပါသည်။ ဒင်းဒင်းဒေါင်ဒေါင်အသံများအကြား ရှင်းထောပန်းထဲသို့ဝင်ရောက်သည့် အစီအစဉ်ကို ပြီးမြောက်နိုင်ခဲ့သည်။

စခန်းထဲမှာ ရှင်းထောပန်းအပန်းဖြေယာဉ်၊ ကြယ်စု(၁၂)စုတဲ၊ ကြယ်စု(၁၂)စုကွင်းပြင်များရှိသည့်အပြင် အခြား စိတ်ဝင်စားစရာကောင်းသော မော်တော်ယာဉ်များလည်းရှိပါကြောင်း၊ ဤနေရာတွင် မတူသော လိကျန်းအလှကို တွေ့မြင်နိုင်ပါကြောင်း ရှင်းထောပန်းစခန်းအမှတ်တံဆိပ်ကြော်ငြာတာဝန်ရှိသူ ကွာကျီသည် လမ်းပြကာ မိတ်ဆက်ပြောဆိုနေပါသည်။ ရှေ့သို့လှမ်းကြည့်လိုက်သော် သစ်တောအတွင်း၌ စားပွဲထိုင်ခုံများကို တွေ့လိုက်သည်နှင့် ကွာကျီက “ဒီနေရာမှာ တောင်ရေဖြင့်ဖျော်စပ်တဲ့ ကော်ဖီတစ်ခွက်ကိုသောက်ပြီး ကောင်းကင်ကြယ်စင်များကိုရှုစားပါက လုံးဝ အမောပြေပါတယ်” ဟုအထူးစိတ်အားထက်သန်စွာပြောပါသည်။

ဟူပေတွင်မွေးဖွားသော ကွာကျီသည် လိကျန်းကိုအလွန်ကြိုက်နှစ်သက်သောကြောင့် လိကျန်းတွင်ပင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် စခန်းစတင်ဆောက်လုပ်ခဲ့သည်။ (၃)နှစ်အချိန်အတွင်း တောင်အလယ်တွင်ရှိသော တဲစခန်းရှိ ကော်ဖီဆိုင်၊ ရှင်းထောပန်းအပန်းဖြေယာဉ်စခန်း၊ ရှင်းထောပန်းကြယ်စုတဲစခန်း၊ တရုတ်တိုင်းရင်းဆေးအနားယူတောင်လယ်ဟိုတယ် ပထမကာလ စသည့်အပိုင်းများ ဆက်လက်ဆောက်လုပ်လည်ပတ်လုပ်ဆောင်လာသည်ကို ကွာကျီက တွေ့မြင်ခဲ့ပါသည်။ “ယခုနှစ်ဇူလိုင်လမှာ နေ့တိုင်း ဧည့်သည်ပြည့်နေပါတယ်။ ရှင်းထောပန်းစခန်းကို ရွေးချယ်ကြသူများက ကြယ်စင်ကောင်းကင်ကိုကြိုက်သူတွေ၊ လိကျန်းကို နှစ်သက်သူတွေဖြစ်ပါတယ်။” နေရာအနှံ့အပြားမှလာသော ဧည့်သည်များနှင့်အတူ “တူညီသောကြိမ်နှုန်းပဲ့တင်ထပ်ခြင်း”ရှိ ရန်ကွာကျီက အလွန်မျှော်လင့်ပါသည်။ ခေါင်းလောင်းတစ်ခု၊ တောတောင်ထဲမှကော်ဖီတစ်ခွက်၊ ကြယ်စင်ကောင်းကင်ကြီးတစ်ခုများမှ ကြယ်စင်များစောင့်ရှောက်နေသော လိကျန်းကို ပြန်လည်သိကျွမ်းစေလိုပါသည်။

(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)
 

【2022CITM】ယူနန်ရွှေစင်ခရီးသွားလမ်းကြောင်းတွင် check-in ကြစို့၊ လိကျန်းတွင် “စခန်းcampsite+”ဖြင့် တောတောင်များအကြား ဖျော်ဖြေအနားယူ