【2022 CITM】“ကုန်ပစ္စည်းများ ရက်(၃၀) အကြောင်းရင်းမဲ့ပြန်အမ်းခြင်း”သည် သမာဓိယူနန်၏အမှတ်အသားအသစ် ဖြစ်လာ

2022-07-25 11:28:01
အရင်းအမြစ်:云南日报

“ကုန်ပစ္စည်းများ ရက်(၃၀)အကြောင်းရင်းမဲ့ပြန်အမ်းခြင်း”သည် ယူနန်ပြည်နယ်၏ ခရီးသွားစျေးကွက် ပြန်လည်ထိန်းချုပ်ရေး၏ ဆန်းသစ်မှုလုပ်ဆောင်ချက်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် မေလ(၁)ရက်နေ့မှစပြီး ယူနန်ပြည်နယ် တစ်ခုလုံးအတွင်း၌ စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မေလမှ ယခုနှစ်ဇွန်လကုန်အထိ အဆိုပါဝန်ဆောင်မှုသည် ခရီးသည်များအတွက် ကုန်ပစ္စည်းပေါင်း (၄၅၅၄၅)ခုကို ပြန်အမ်းပေးခဲ့ကြောင်း၊ စုစုပေါင်းပြန်အမ်းကုန်တန်ဖိုးပမာဏသည် သန်းပေါင်း(၂၉၈)ယွမ် ရှိကြောင်း၊ ခရီးသည်ပြေလည်မှုနှုန်းသည် (၉၉%)အထက်ရှိကြောင်း စာရင်းဇယားများအရ သိရှိရပါ သည်။

ခရီးသည်များသည် ယူနန်အတွင်းရှိ တရားဝင်လည်ပတ်လုပ်ဆောင်နေသည့် ခရီးသွားကုန်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းများမှ ခရီးသွားကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ မိမိအစီအစဉ်ဖြင့် ခရီးသွားခြင်းဖြစ်စေ သို့မဟုတ် အဖွဲ့လိုက်ခရီးသွားခြင်းဖြစ်စေ ဝယ်ယူသည့်ရက်မှစ၍ ရက်(၃၀)အတွင်း “စိတ်ကြိုက်သတ်မှတ်သည့်အမျိုးအစားမဟုတ်သော ကုန်ပစ္စည်း၊ လူအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ရုပ်ပိုင်းနှင့် ဓာတုဂုဏ်သတ္တိပိုင်းဆိုင်ရာပြောင်းလဲမှုရှိခြင်း” စသည့် ကုန်ပစ္စည်းပြန်အမ်းခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက “ယူနန်လည်ပတ်ခြင်း(You Yunnan)”Appနှင့် Wechat အတွင်းရှိ“ယူနန်လည်ပတ်(You Yunnan)” application ထဲမှ “ကုန်ပစ္စည်းပြန်အမ်းမည်” function ဖြင့်ဖြစ်စေ၊ 12345 အစိုးရဝန်ဆောင်မှု အဆင်ပြေရေး Hotline ဖုန်းကိုဆက်သွယ်ခြင်းဖြစ်စေ ကုန်ပစ္စည်းပြန်အမ်းခြင်းဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
(သတင်းရင်းမြစ် - ယူနန်နေ့စဉ်သတင်းစာ)

 

【2022 CITM】“ကုန်ပစ္စည်းများ ရက်(၃၀) အကြောင်းရင်းမဲ့ပြန်အမ်းခြင်း”သည် သမာဓိယူနန်၏အမှတ်အသားအသစ် ဖြစ်လာ