【2022 CITM】 အားကစားခရီးသွားပြတိုက်တွင် “အသစ်အဆန်း”များ ကြိုတင်ကြည့်ကြပါစို့
အပူပိုင်းမိုးသစ်တောစိန်ခေါ်မှုပြိုင်ပွဲ၊ စမတ်အားကစားဥယျာဉ်၊ Esports ၊ ပင်လယ်နှင့်လေကြောင်း မော်ဒယ်များ စသည်တို့သည် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ အားကစား ပြတိုက်၌ ပြသခဲ့ပြီး ဆန်းသစ်ကုန်ပစ္စည်းများနှင့် လုပ်ငန်းအနေအထားများဖြစ်ပါသည်။ လုပ်ငန်း အများစုသည် မိမိ၏ထူးခြားချက်များကိုရောစပ်ပြီး နယ်ခြားပေါင်းစည်းကာ ယဉ်ကျေးမှုခရီးသွား အမြန်ရထားကို လိုက်ပါစီးနင်းပြီး လုပ်ငန်းအကျိုးအမြတ်များအတူခံစားလိုကြသည်။
စစ်ဆောင်ပန်းနား တိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပညာရေးနှင့် အားကစား ဌာနပြခန်းတွင် ပြင်ပအားကစားခရီးသွားလုပ်ငန်းလည်ပတ်လုပ်ဆောင်သူဖြစ်သည့် ယူနန်ယူလင် စူးစမ်းလေ့လာယဉ်ကျေးမှုဖြန့်ချိရေးကုမ္ပဏီလီမိတက်သည် အာရှပစိဖိတ်ဒေသ စီးပွားရေးကောလိပ် အပူပိုင်းမိုးသစ်တောစိန်ခေါ်မှုပြိုင်ပွဲကို အထူးအလေးထားအကြံပေးပါသည်။ အစီအစဉ်သည် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် “ခြေလျင်လျှောက်ခြင်း + ခရီးကြမ်းပြေးခြင်း + ဖောင်စီးခြင်း” ပုံစံတို့ဖြင့် လုပ်ဆောင်သည်ဖြစ်ပါသည်။ အပူပိုင်းမိုးသစ်တော (၅၀)ကီလိုမီတာကိုဖြတ်သန်းပြီး ဝမ်ထျန်းသစ်ပင်၊ မန်တမ်ရွာစသည့် စစ်ဆောင်ပန်းနားကို ကိုယ်စားပြုသည့် ခရီးသွားရှုခင်းများကို ဖြတ်သန်းသွားသည်။ အပူပိုင်းမိုးသစ်တော၊ တိုင်တိုင်းရင်းသားယဉ်ကျေးမှု၊ စခန်းချ၊ စွန့်စားမှု၊ ပညာပေး၊ ဂေဟစနစ် စသည့် စစ်ဆောင်ပန်းနား၏ ဒေသထူးခြားချက်များ ပါဝင်ပါသည်။
“စမတ်အားကစားဥယျာဉ်တွင် gym အားကစား၊ အပန်းဖြေခြင်းတို့သည် တွက်ချက်နိုင်သည့် ကိစ္စများ ဖြစ်လာသည်။ အားကစားလုပ်သည့်အကျိုးအမြတ်များကို တစ်ပြိုင်တည်းတွေ့မြင်နိုင်ပါသည်။” ခရီးသွားပြပွဲတွင် ယုံမုန့်သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေး(ယူနန်)ကုမ္ပဏီလီမိတက်သည် AI နည်းပညာဖြင့် အားကစားကို လူကြိုက်များလာစေပါသည်။ ကုမ္ပဏီမှပြသသော စမတ်အားကစားဖြေရှင်းရေးအဆိုပြုလွှာနှင့် စမတ်အားကစားပြခန်းစသည်တို့သည် AI Motion Vision Analysis နည်းပညာကို အားကစား၊ ပြိုင်ပွဲ၊ ပညာသင်ကြားရေးစသည့်နယ်ပယ်များတွင် အသုံးပြုထားသည်။ ကိန်းဂဏန်းအချက်အလက်များဖြင့် ပါဝင်သူများသည် မိမိ၏ခန္ဓာကိုယ်အနေအထားကို ပိုမိုသိကျွမ်းစေပါသည်။ အားကစားလုပ်ဆောင်ရသည့် တက်ကြွမှုများနှင့် အားကစားလေ့ကျင့်မှုအဆင့်ကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
(သတင်းရင်းမြစ် - ယူနန်နေ့စဉ်သတင်းစာ)