သဘာဝနှင့်သမိုင်းယဥ်ကျေးမှုပြတိုက်ဖြစ်သော ယွီရှီး။ ။ ဖူရှန်းရေကန်တွင် Black carp ငါးများ စုစည်းနေကြသည်ကို ထပ်မံကြုံတွေ့
(ပုံ၊ ဖူရှန်ရေကန်ကို တွေ့နေစဥ်)
ယခုရက်ပိုင်းတွင် ဖူရှန်ရေကန်၏ ရေမျက်နှာပြင်တွင် ထောင်နှင့်ချီသော Black carp ငါးများ စုစည်းလာပြီး တစ်ခါတရံ ဖြောင့်တန်းလျက် “一”ပုံသဏ္ဌာန်ဖြင့် တန်းစီကူးခတ်နေကြကာ တစ်ခါတရံတွင်မူ ဝိုင်းပတ်လျက်အနေအထားဖြင့် ကူးခတ်နေသည်ကို တွေ့ရသည်။
ဖူရှန်ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့တွင် တည်ရှိပြီး တရုတ်နိုင်ငံပြည်မရှိ ရေကန်များအနက် အနက်ရှိုင်းဆုံးသော၊ ရေအရည်အသွေးအကောင်းဆုံးသော၊ ရေသိုလှောင်မှုအများဆုံးသော အနက်ရှိုင်းဆုံး အာဟာရချို့တဲ့သည့်ရေကန်ကြီးဖြစ်သည်။ ဖူရှန်ကန်အနီးအနားတွင်နေထိုင်သော သက်ကြီးရွယ်အိုများ၏ ပြောဆိုချက်အရ Black carp ငါးများ စုစည်းသည့်မြင်ကွင်းကို ယခုခေတ်ကာလတွင် အတွေ့ရနည်းပါးလာသော်လည်း ယခင်ကမူ အမြဲတစေ တွေ့မြင်နိုင်သည်။ “Black carp ငါးစုစည်းခြင်းသည် မေလ မှ စက်တင်ဘာလ အကြားမှာ တွေ့ရလေ့ရှိတယ်။ အသေးဆုံး Black carp က ၁၀ စင်တီမီတာပဲရှိတယ်။ ဒါပေမဲ့အကြီးဆုံးက အလေးချိန် ၁၀ ကီလိုဂရမ်အထက် ရှိနိုင်တယ်”ဟု ဖူရှန်ရေကန်အနီးအနားတွင်နေထိုင်သော ဒေသခံအဖိုးအို ချိန်မင်ချောင်းမှ မိတ်ဆက်ပြောကြားခဲ့ပါသည်။
“နှစ်စဥ်နှစ်တိုင်း ဧပြီလကနေ ဇွန်လအထိ Black carp တွေ ဥအုချိန်ဖြစ်ပြီး ငါးတွေရဲ့ ဥအုရာနေရာက သဲအောက်ခြေတွေနဲ့ ကျောက်စရစ်ခဲတွေရှိတဲ့ မြစ်ဝနေရာနဲ့ မြစ်ကမ်းရေတိမ်သောင်ပြင်တွေမှာ ဖြစ်တယ်။ ဖူရှမ်ရေကန်နားမှာလည်း ဝေဆာတဲ့ညောင်ပင်ရှိတယ်။ ဇူလိုင်လလောက်မှာ ညောင်ပင်အသီးမှည့်ပြီး ကြွေကျတတ်လို့ Black carp ငါးတွေ စုစည်းပြီး လာစားလေ့ရှိတယ်။ အဲဒါကလည်း Black carp စုစည်းခြင်းမြင်ကွင်းဖြစ်ပေါ်တတ်တဲ့အကြောင်းရင်းတစ်ခုပဲဖြစ်တယ်”ဟု အခြားဒေသခံများမှ ရှင်းပြသည်။
ယခုနှစ်ပိုင်းတွင် ဖူရှန်ကန်၏ သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာပြီး ဒေသတွင်းငါးများသည်လည်း ပြန်လည်ရှင်သန်ပေါက်ဖွားလာစေသည်။ ထို့ကြောင့် ကြုံတွေ့ရခဲသော Black carp ငါးများစုစည်းခြင်းကိုလည်း ထပ်မံ ကြုံတွေ့ဖို့များလာကြောင်း သိရသည်။
(သတင်းရင်းမြစ်- ပြည့်သူ့ကွန်ရက် ယူနန်အစီအစဥ်၊ ဘာသာပြန်- Yunnan gateway)