၁၉၈၅ ခုနှစ်နောက်ပိုင်းဖွား ပန်းပုဆရာ Luo Qisheng သည် သစ်စေးဖြင့် တရုတ်ဒဏ္ဍရီပုံပြင်နှင့် သမိုင်းမှ နာမည်ကျော်ဇာတ်ကောင်များကို ပရိသတ်ရှေ့ မှောက်သို့ ခေါ်ဆောင်လာ

2022-08-02 17:21:12
အရင်းအမြစ်:新华每日电讯

သမိုင်းရေစီးကြောင်းအတွင်း မရေမတွက်နိုင်သော နာမည်ကျော် ဇာတ်ကောင်များ၊ ဒဏ္ဍာရီရှိ နတ်သား နတ်သမီးများကို သစ်စေးဖြင့် ပန်းပုဖန်တီးပြုလုပ်ခဲ့ပါသည်။

၁၉၈၆ ခုနှစ်တွင် မွေးဖွားသော Luo Qisheng သည် သစ်စေးဖြင့် လူပုံပန်းပုထုသူတစ်ဦး ဖြစ်သည်။ သူနှင့် လုပ်ဖော်ကိုင်ဖက်တို့အတူတကွ တည်ထောင်သည့် “Kaitian”အလုပ်ရုံသည် တရုတ်ပြည်တွင် ပထမဆုံး မူရင်းရုပ်ထု ပန်းပုထုသော အလုပ်ရုံဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် Luo Qisheng နှင့် သူ၏အဖွဲ့သည် တရုတ်အမျိုးသားစာကြည့်တိုက်နှင့် ပူးပေါင်းဆောင်ရွက်ပြီး “ယွမ်မင်ယွမ်ကျန်ချွင်းတော်ဝင်ရုပ်ပုံတော်”(တရုတ်မန်ချူးမင်းဆက် တည်ထောင်သော ဘုရင့်မင်းတော်ဝင်ဖြစ်သည်)နှင့်အညီ တိရစ္ဆာန် ၁၂ ကောင်၏ရုပ်တုကို ပန်းပုထုခဲ့သည်။

Luo Qisheng သည် တရုတ်ရှေးခေတ်ပန်းချီကားများသုတေသနပြုပြီး ဆွန်းဝူခုန်း၊ နာကျား၊ အလှမယ်ယမ်ရိဟွန် စသည့် ဒဏ္ဍရီနှင့်ရုပ်ရှင်များမှ ဇာတ်ကောင်များကို ပန်းပုထုခဲ့သည်။ ထို့အပြင် သူသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆေးဘက်ကျွမ်းကျင်ပညာရှင်များနှင့် ရေဘေးကယ်ဆယ်ပေးသောတပ်မတော်သားများ၏ ရုပ်တုများကိုလည်း ပန်းပုထုရန် မျှော်လင့်လျက်ရှိပါသည်။


(သတင်းရင်းမြစ်- Xinhua ၊ ဘာသာပြန်- Yunnan gateway)
 

၁၉၈၅ ခုနှစ်နောက်ပိုင်းဖွား ပန်းပုဆရာ Luo Qisheng သည် သစ်စေးဖြင့် တရုတ်ဒဏ္ဍရီပုံပြင်နှင့် သမိုင်းမှ နာမည်ကျော်ဇာတ်ကောင်များကို ပရိသတ်ရှေ့ မှောက်သို့ ခေါ်ဆောင်လာ