ချီးရှီးပွဲဆိုတာ တရုတ်ချစ်သူများနေ့တင်ပဲလား

2022-08-05 19:12:40
အရင်းအမြစ်:云报客户端

တရုတ်ရိုးရာပွဲတော်များအနက်တစ်ခုဖြစ်သော ချီးရှီးပွဲတော်နေ့ ပြန်လည်ရောက်ရှိလာပြီး လူအများသည် အဆိုပါပွဲတော်ကို ချစ်သူများနေ့ဟု သတ်မှတ်ကာ နှင်းဆီပန်း၊ ချောကလက်တို့ဖြင့် ချစ်သူရည်းစားအား ချစ်ခြင်းမေတ္တာကို ဖော်ပြကြလေ့ရှိပါသည်။

သို့ရာတွင် တရုတ်ရှေးခေတ်အခါက ချီးရှီးပွဲသည် ချစ်သူများနေ့ မဟုတ်ပေ။ အဆိုပါနေ့တွင် လူအများသည် နတ်သမီးရက်ကန်းမယ်ပူဇော်ခြင်း၊ စာအုပ်လှန်းခြင်းနှင့် နဂါးငွေ့တန်း စသည့်လှုပ်ရှားမှုအစီအစဥ်များကျင်းပလေ့ရှိရာ ထိုသည်ကိုကြည့်ပါက ၎င်းတို့သည် အချစ်မေတ္တာနှင့်မသက်ဆိုင်ပေ။

အဘယ်ကြောင့် ချီးရှီးသည် ချစ်သူရည်းစားနှင့်ချိတ်ဆက်လာသနည်း။ အကြောင်းရင်းသည် တရုတ်တို့၏ နှစ်ပေါင်းထောင်ချီသော ကဗျာနှင့် အခြားသော စာပေဖန်တီးမှုများနှင့် သက်ဆိုင်ပါသည်။ သက်ဆိုင်ရာမှတ်တမ်းအရ တရုတ်ဟန်မင်းဆက်ခေတ် (ဘီစီ ၂၀၂ ခုနှစ်--အေဒီ ခုနှစ်)တွင် နတ်သမီးရက်ကန်းမယ်နှင့် လူပြည်က အမျိုးသား ညိုလန်တို့သည် အပြန်အလှန်ချစ်မြတ်နိုးသော်လည်း အတူတကွ မနေနိုင်ပေ။ သူတို့သည် နဂါးငွေ့တန်း၏ ဟိုဖက်ဒီဖက် ကွဲကွာသွားပြီး နှစ်စဥ် ချီးရှီးပွဲတော် သပိတ်လွယ်များစုစည်းပြီး တံတားပုံ ဖွဲ့စည်းပြီးနောက် သူတို့ တစ်ကြိမ်တွေ့ဆုံနိုင်ခြင်းအား ပုံဖော်ထားခြင်းဖြစ်သည်။

ချီးရှီးသည် တရုတ်နိုင်ငံအတွင်း မတူညီသောနေရာများတွင် မတူညီသော လှုပ်ရှားမှုများ ကျင်းပလေ့ရှိသည်။ ဥပမာအားဖြင့် ကျက်ကျန်းပြည်နယ် ဝင်းလင်ဒေသတွင် ကလေးများ ကျန်းမာချမ်းသာစေရန် ဆုတောင်းပွဲကျင်းပလေ့ရှိသည်။ ကမ်းစုပြည်နယ်ရှီး ဟယ်ခရိုင်တွင် အမျိုးသမီးများက နတ်သမီးရက်ကန်းမယ်ပူဇော်ခြင်း ကျင်းပပြီး ရက်ကန်းလက်ရာမြောက်အောင် ဆုတောင်းလေ့ရှိသည်။

(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)
 

ချီးရှီးပွဲဆိုတာ တရုတ်ချစ်သူများနေ့တင်ပဲလား