လယ်ကွင်းထဲက “အနုပညာအိပ်မက်”
တရုတ်နိုင်ငံယူနန်ပြည်နယ်ဖူအော်မြို့ နင်အော်ဟာနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ နတ်ခေါ်လီမြို့နယ်အတွင်းသို့ ဝင်ရောက်သည့်အခါ မစ္စတာရှီရှောင်မင်းက ခရီးသည်များအား သစ်သားပုံနှိပ်ပန်းချီကို မိတ်ဆက်ပေးနေပါသည်။ ရှီရှောင်မင်းသည် ဖူအော်ကောလိပ်မှ ကျောင်းဆရာတစ်ဦးဖြစ်သည်။
သစ်သားပုံနှိပ်ပန်းချီသည် (၂၀)ရာစု(၈၀)ခုနှစ်တွင် ဖူအော်မှ စတင်ပေါ်ထွက်ခဲ့သည်။ ၎င်း၏ထူးခြားချက် သည် ပန်းချီတစ်ချပ်ပေါ်တွင်ရှိသော ရောင်စုံအပိုင်းအားလုံးကို သစ်သားချပ်တစ်ခုတည်းပေါ်တွင် စုပြီး ထွင်းထုရင်း ပုံရိုက်နှိပ်ရင်း အောက်ခံပုံကြမ်းဖယ်ရှားခြင်း နည်းလမ်းဖြင့် တီထွင်ဖန်တီးထားပါသည်။ ဆယ်နှစ်ကျော်ဖွံ့ဖြိုးတိုးတက်ခဲ့ရာ သစ်သားပုံနှိပ်ပန်းချီသည် တမူထူးခြားသောအနုပညာပုံစံတစ်မျိုး ဖြစ်လာပါသည်။
၂၀၁၅ ခုနှစ်ကစပြီး နတ်ခေါ်လီနှင့် ဖူအော်ကောလိပ်သည် သစ်သားပုံနှိပ်ပန်းချီပညာသင်ကြားရေး လက်တွေ့ လုပ်ဆောင်ရေးစခန်းတစ်ခုကို ပူးတွဲတည်ထောင်ခဲ့သည်။ စခန်းနှင့်ဖလှယ်စင်တာတွင် သစ်သားပုံနှိပ်ပန်းချီ လယ်သမားပန်းချီသင်တန်းများကို ကြိမ်ဖန်များစွာ ဖွင့်လှစ်ခဲ့သည်။ ဖူအော်ကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများအတွက် လက်တွေ့ အကောင်အထည်ဖော်သည့် နေရာကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ရှီရှောင်မင်းသည်လည်း ၎င်းကြောင့် နတ်ခေါ်လီနှင့်ရေစက်ဆုံခဲ့သည်။
ရှီရှောင်မင်းမှ ပန်းချီများချိတ်ဆွဲထားသော စင်္ကြံလမ်းနှင့်အခန်းများကို လိုက်လံပြသခဲ့သည်။ တချို့သော လက်ရာများသည် နတ်ခေါ်လီ၏မိုးရာသီရှုခင်းကို သရုပ်ဖော်ထားသည်။ တချို့လက်ရာများသည် မာပန်း (မြင်းတန်းအဖွဲ့) ဟင်းလျာထဲက ဆားနယ်ဝက်သားခြောက်မြိန်ရှက်စွာစားသောက်နေပုံကို ရေးဆွဲထားပါသည်။ နိုင်ငံတကာတွင် “Fans မိတ်ဆွေ”များစွာရှိသော အာရှဆင်ကိုလည်း ပန်းချီထဲတွင်တွေ့မြင်နိုင်သည်။ ဒေသခံရွာသူရွာသားများ တီထွင်ဖန်တီးထားသည့် ပန်းချီကားချပ်လက်ရာများကို ရှီရှောင်မင်းက အထူးမိတ်ဆက်ရှင်းလင်းပေးသည်။ ဤနေရာတွင် ပညာလာရောက်သင်ယူကြသော လယ်သမားများသည် ယခင်ကပန်းချီနှင့် မထိတွေ့ဖူးပါ။ သင်ကြားမှုများခံယူပြီးနောက် သူတို့သည် မိမိ၏နေထိုင်မှုဘဝခံစားချက်များကို မှတ်တမ်းတင်လာကြသည်။ သူတို့ဖန်တီးထားသည့် သစ်သားပုံနှိပ်ပန်းချီလက်ရာများသည် သက်ဝင်ပြီး ထွန်းလင်းသောအရောင်များဖြင့် စိတ်ထဲ အထူးစွဲမှတ်သွားစေသည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)