တရုတ်-မြန်မာ နယ်စပ်ဒေသရှိ သာယာလှပသောနေရာတစ်ခု၌ ယခုနှစ်နွေရာသီတွင် ခရီးသွားဧည့်သည် များစွာအား ဆွဲဆောင်နိုင်ခဲ့

2022-08-16 18:45:38
အရင်းအမြစ်:德宏州委宣传部

တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေး ညွှန်ကြားရေးဌာနမှ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော ခရီးသွားလုပ်ငန်း၏ ကိန်းဂဏန်းအချက်အလက်များအရ ဇူလိုင်လတွင် တယ်ဟုန်ပြည်နယ်ခွဲသည် ခရီးသွားဧည့်သည် ၂ သန်းနီးပါးအား ဧည့်ခံကာ ခရီးသွားလုပ်ငန်းဝင်ငွေမှာ တရုတ်ယွမ် ၂.၁၁၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။


ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်သည် ပေါများကြွယ်ဝသော ခရီးသွားအရင်းအမြစ်များ၊ မတူကွဲပြားသော တိုင်းရင်းသားယဥ်ကျေးမှုနှင့် သာယာလှပသော ရာသီဥတုကြောင့် ရေပန်းစား လာခဲ့သည်။ ယူနန်ပြည်နယ်အနောက်ပိုင်းဒေသခရီးစဥ်တွင် အရေးပါသောနေရာတစ်ခု အနေနှင့် တယ်ဟုန်ပြည်နယ်ခွဲသည် ခရီးသွားဧည့်သည်များက ရည်မှန်းထားသော အသင့်တော်ဆုံး ခရီးသွားနေရာတစ်ခု ဖြစ်လာပါသည်။
တယ်ဟုန်ပြည်နယ်ခွဲ၏ ရာသီဥတုသည် သာယာလှပပြီး မိုးရွာသွန်းမှု ပေါများပါသည်။ ယခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် စီချွမ်း၊ ချွမ်ချင့်၊ ကျဲ့ကျန်း၊ ကျန်းစူနှင့် ရှန်ဟိုင်းအစရှိသည့်ဒေသများမှ ခရီးသွားဧည့်သည်များအား နွေရာသီအပူဒဏ်မှ လွတ်မြောက်ရန် များစွာ ဆွဲဆောင်ခဲ့ပါသည်။ ရာသီဥတုအကြောင်းရင်းများအပြင် အခြားပြည်နယ်များမှ ခရီးသွားဧည့်သည်များအား တယ်ဟုန် ပြည်နယ်ခွဲကို လာရောက်လည်ပတ်ရန် ဆွဲဆောင်သည့် အခြားသောအကြောင်းရင်း များစွာ ရှိသေးကြောင်း တယ်ဟုန်ပြည်နယ်ခွဲ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေး ညွှန်ကြားရေးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူက လေ့လာဆန်းစစ်သုံးသပ်ထားပါသည်။ ဥပမာအားဖြင့် တယ်ဟုန်ပြည်နယ်ခွဲသည် အရှေ့တောင်အာရှထူးခြားချက်လက္ခဏာများပါသော ရှုခင်းသာနှင့် ဗိသုကာလက်ရာများ ရှိပြီး တရုတ်- မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် တယ်ဟုန်ပြည်နယ်ခွဲ၏ တစ်မူထူးခြားသော တိုင်းရင်းသား ဓလေ့ထုံးစံများကို လက်တွေ့ခံစားနိုင်ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲတွင် စားကောင်း သောက်ဖွယ်များ ပေါများကြွယ်ဝပြီး လည်ပတ်ရန် အလွန်ကောင်းမွန်သော ကိုယ်စားပြုနေရာ တစ်ခုဖြစ်ပေသည်။ စကောထမင်း၊ လက်ဆုပ်မြီးရှည်စသည့် တိုင်လူမျိုးအစားအစာ၊ ဂျိမ်းဖောလူမျိုးအစားအစာနှင့် မြန်မာအစားအစာတို့သည် ခရီးသွားဧည့်သည်များအား လာရောက်စားသုံးရန် ဆွဲဆောင်လျက်ရှိနေပါ သည်။


ခရီးသွားဧည့်သည်များ၏ မျိုးစုံသောလိုအပ်ချက်နှင့်အညီ တယ်ဟုန်ပြည်နယ်ခွဲသည် ခရီးသွားလုပ်ငန်း အဆက်မပြတ် မြှင့်တင်ရန် ဖော်ဆောင်လျက်ရှိကြောင်း ခရီးသွားဧည့်သည်များအား ခံစားစေနိုင်မည့်အရာမှာ ရိုးရာလည်ပတ်မှုခရီးစဥ် မဟုတ်တော့ဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ အပန်းဖြေမှု၊ သဘာဝဂေဟစနစ်နှင့် အခြားသောအကြောင်းအရာများ ပေါင်းစပ်ကာ ခရီးသွား ဧည့်သည်များ၏ အတွေ့အကြုံနှင့် ခံစားမှုကို မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ သာယာလှပသောနေရာတစ်ခု၌ ယခုနှစ်နွေရာသီတွင် ခရီးသွားဧည့်သည် များစွာအား ဆွဲဆောင်နိုင်ခဲ့