မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အရသာဆန်းသစ်သော လမုန့်များ စားချင်တယ်ဆိုရင် ဒီမှာ လာစားကြစို့
တရုတ်နိုင်ငံ၌ နှစ်စဉ်ဆင်နွှဲလေ့ရှိသော ရိုးရာ လမုန့်ပွဲတော်သည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။ ပိုမိုများပြားသော စားသုံးသူများအား လမုန့်၏ အရသာကို မြည်းစမ်း နိုင်စေရန်အတွက် တရုတ်ရိုးရာလမုန့် မြည်းစမ်းဈေးရောင်းပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ MELIA Yangon Hotel ၌ ယခုရက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် လမုန့်အမျိုးအစား(၁၀)မျိုးခန့်ပါဝင်ပြီး ဧည့်သည်များစွာအား လာရောက်မြည်းစမ်းရန် ဆွဲဆောင်ခဲ့ပါသည်။ “လမုန့်ပြုလုပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ အရသာဆန်းသစ်အောင် ဖန်တီး ပြုလုပ်ထားပါတယ်”ဟု အဆိုပါဟိုတယ်၏ သက်ဆိုင်ရာ တာဝန်ရှိသူကပြောသည်။ လမုန့်ပွဲတော်အား ရန်ကုန်ရောက်တရုတ်လူမျိုးများအတွက် လမုန့်စားရင်း တရုတ်နိုင်ငံ ဆောင်းဦးရာသီအား ပြန်လည် ခံစားတမ်းတမိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး အခြားသောနိုင်ငံခြားသားများလည်း လမုန့်အရသာအား မြည်းစမ်းနိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
အဆိုပါပွဲကို ဩဂုတ်လ(၁)ရက်နေ့က စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ(၁၅)ရက်နေ့ထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အရသာဆန်းသစ်သော လမုန့်များ စားချင်တယ်ဆိုရင်တော့ ဒီမှာ လာစားကြည့်ကြစို့။
သတင်းထောက်။ ။ ဇော်ရဲအောင်